Marriott International ရဲ့ Marriott Bonvoy က NFTs or Non-fingible Token လုပ်ငန်းထဲကို ဝင်ရောက်လာပါပြီ။ Bonvoy ဟာ NFTs ၃ ခု ဖန်တီးဖို့အတွက် ဒစ်ဂျစ်တယ် အနုပညာရှင် ၃ ယောက် ဖြစ်တဲ့ TXREK, JVY နဲ့ Erick Nicolay တို့နဲ့ ပူးပေါင်းထားပြီး အဲဒီ NFTs တွေကို နာမည်ကျော် Art Basel Miami Beach မှာ ပြသမှာ ဖြစ်ပါတယ်။
Marriott Bonvoy ဟာ ကိုယ်ပိုင် NFTs ဖန်တီးတဲ့ ပထမဆုံး ခရီးသွား လုပ်ငန်း ကုမ္ပဏီ ဖြစ်လာပါတယ်။
Marriott International ရဲ့ အကြီးတန်း ဥက္ကဌ Brian Povinelli က “ ဒီလို ကြီးထွားနေတဲ့ ပလက်ဖောင်းမှာ ကျွန်တော်တို့ရဲ့ ဟိုတယ် Brands တွေနဲ့ အတွေ့အကြုံ အသစ်တွေကို ယူဆောင်ရတာ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ သမားရိုးကျ ဝန်ဆောင်မှုတွေထက် ထူးခြားတဲ့ ဒစ်ဂျစ်တယ် ထုတ်ကုန်လောကထဲ ဝင်ရောက်ဖို့ နည်းလမ်းတွေကို ရှာဖွေနေပါတယ်။ ခရီးသွား လုပ်ငန်းကို အတုအယောင် ကမ္ဘာထဲ ပို့ဆောင်မှာ ဖြစ်ပြီး အဲဒီလို ပြုလုပ်ဖို့အတွက် အရည်အချင်း ရှိတဲ့ အနုပညာရှင်တွေနဲ့ပူးပေါင်းထားပါတယ်။ “ လို့ ပြောပါတယ်။
Marriott က Marriott Bonvoy Brand ရဲ့ NFTs ၁ ခုချင်းစီဟာ ခရီးသွားခြင်းကို အနုပညာရှင်တွေရဲ့ မတူညီတဲ့ ရှုထောင့်ကနေ ဖန်တီးထားတာ ဖြစ်ပါတယ်လို့ပြောပါတယ်။
Wikipedia မှာ ဖော်ပြထားချက်အရ NFTs တွေဟာ ဖလှယ်လို့ မရတဲ့ ဒေတာတွေကို ဒစ်ဂျစ်တယ် Ledger မှာ သိမ်းဆည်းထားတာ ဖြစ်ပါတယ်။ NFTs လို့ ဆိုရာမှာ ဓါတ်ပုံ၊ ဗီဒီယို၊ အသံနဲ့ တခြား ဒစ်ဂျစ်တယ် ဖိုင်တွေ ပါဝင်ပြီး Blockchain နည်းပညာကို အသုံးပြုကာ ပိုင်ဆိုင်သူကို သက်သေခံပေးပါတယ်။
Ref : travelpulse