အဆိုပါ နည်းပညာမြင့် အွန်လိုင်းစနစ်သုံး စိစစ်ရေး ပလက်ဖောင်းသည် ဗဟိုဘဏ်များအတွက် ဒီဂျစ်တယ်ငွေကြေး အသုံးပြုမှု မှတ်တမ်းများနှင့် ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး ထုတ်လုပ်မှုဗျူဟာများအား ဖော်ထုတ်ကာ ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေးဂေဟစနစ်ကို ပေါ်ပေါက်စေမည်ဖြစ်သည်။

နိုင်ငံတစ်ခုချင်းစီနှင့် ဒေသတစ်ဝန်း ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေးစနစ် ရည်ရှည်တည်တံ့စေရေးအတွက် ဗဟိုဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နည်းပညာနှင့် ငွေကြေးအကြံပေး လုပ်ငန်းများအား ပူးပေါင်းလုပ်ဆောင်ရန် Mastercard မှ ဖိတ်ခေါ်လှုံဆော်လိုက်သည်။

ကမ္ဘာ့စီးပွားရေးကဏ္ဍတွင် ဒီဂျစ်တယ်ငွေကြေးစနစ်ကို အလျင်အမြန် ကူးပြောင်းလျက်ရှိရာ၊ နိုင်ငံတကာဗဟိုဘဏ်များအနေနှင့် အနာဂတ်ငွေကြေးစနစ်နှင့် နည်းပညာသစ်များကို ကူညီပံ့ပိုးပေးလျက်ရှိပြီး တဖက်တွင်လည်း ၎င်းတို့ကိုယ်ပိုင် ဒီဂျစ်တယ်ငွေကြေးများထုတ်လုပ်ရာတွင် ငွေကြေးဆိုင်ရာမူဝါဒများ ပြဌာန်းနိုင်ရေးနှင့် ဘဏ္ဍာရေးတည်ငြိမ်ရေး တို့ကို အားစိုက်လုပ်ဆောင်လျက်ရှိပါသည်။ ထို့အပြင် မကြာသေးမီကမှ ထုတ်ပြန်ထားသည့် Bank for International Settlements ၏ စစ်တမ်းများ အရ ၈၀ ရာခိုင်နှုန်းသော ဗဟိုဘဏ်များမှာ ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေးစနစ်ဖြစ်သော (CBDCs) နှင့် သက်ဆိုင်သောအကြောင်းအရာများအား စိတ်ဝင်စားမှုရှိသည်ကိုတွေ့ရပြီး၊ ၄၀ ရာခိုင်နှုန်းမှာ ဈေကွက်သဘောထားအမြင်များအား စမ်းစစ်လေ့လာနေကာ လုပ်ငန်းလည်ပတ်ပုံနှင့် ငွေကြေးပုံစံ စမ်းသပ်မှုများအား စတင်ပြုလုပ်နေပြီဖြစ်သည်။

Mastercard သည် ဗဟိုဘဏ်များအတွက် ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDCs) အသုံးပြုမှုများကို လုပ်ဆောင်နိုင်ရန် တရားဝင် အွန်လိုင်းစနစ် စိစစ်ရေးပလက်ဖောင်းအား ထုတ်လုပ်ပေးလိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါ ပလက်ဖောင်းမှတဆင့် ဘဏ်များ၊ ငွေကြေးဝန်ဆောင်မှုပေးသော လုပ်ငန်းများ နှင့် သုံးစွဲသူများအကြား ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDCs) ထုတ်လုပ်မှု နှင့် လဲလှယ်မှုတို့အား အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်မည်ဖြစ်သည်။ ယင်းအတွက် ဗဟိုဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၊ နည်းပညာ နှင့်ငွေကြေးအကြံပေးလုပ်ငန်းများအား Mastercard မှ ပူးပေါင်းရန်ဖိတ်ခေါ်လျက်ရှိပြီး ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDCs) နည်းပညာလုပ်ဆောင်ပုံများအား အသုံးပြုခြင်း၊ အသုံးပြုမှုမှတ်တမ်းအား အထောက်အထားထုတ်ယူခြင်း၊ စီးပွားရေးလုပ်ငန်းများနှင့် consumer များအသုံးပြုနေသော လက်ရှိငွေပေးချေရေးစနစ်များနှင့် ချိတ်ဆက်ခြင်း တို့အတွက် အကူအညီများပေးသွားမည်ဖြစ်သည်။

Mastercard သည် ငွေပေးချေရေးဆိုင်ရာ နည်းပညာနှင့် နည်းလမ်းမျိုးစုံကို ထိပ်ဆုံးမှဦးဆောင်စီမံလုပ်ကိုင်လျက်ရှိပြီး ၎င်း၏ ပါတနာများဖြစ်သော ဘဏ်များ၊ စီးပွားရေးလုပ်ငန်းများ၊ မိုဘိုင်းအော်ပရေတာများအားလည်း တန်းတူ အခွင့်အရေးကောင်းများ ရရှိစေရန် ဖိတ်ခေါ်လက်တွဲလုပ်ဆောင်ကာ ဒီဂျစ်တယ်စီးပွားရေးစနစ်တွင် လူတိုင်းပါဝင်လာစေရန်အစွမ်းကုန် ကြိုးပမ်းလျက်ရှိပါသည်။ Mastercard အနေဖြင့် ၎င်း၏ ကျွမ်းကျင်မှုဖြစ်သော တိကျပြီး လုံခြုံစိတ်ချရသည့် ဒီဂျစ်တယ်ငွေကြေးများစီမံခန်ခွဲ့မှု နည်းပညာကို အထိရောက်ဆုံးအသုံးချရန် လုပ်ဆောင်နေပါသည်။

“ဗဟိုဘဏ်များအနေနှင့် ရည်မှန်းချက်များစွာနဲ့ ၎င်းတို့ကိုယ်ပိုင် ဒီဂျစ်တယ်ငွေကြေးများ ပေါ်ပေါက်လာစေရေးအတွက် ငွေပေးချေရေး ဂေဟစနစ် ကို အဆင့်မြှင့်တင်ပြီး ငွေကြေး အသုံးပြုမှု (Financial Inclusion) ကို အားပေးခြင်းကဲ့သို့သော စမ်းသပ်မှုတွေ ပြုလုပ်နေတာကိုတွေ့ရပါတယ်။ Mastercard အနေနှင့်လည်း ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDCs) အကောင်အထည်ဖော်မှုမှာ ပါဝင်လိုတဲ့ ပြည်သူပိုင်အဖွဲ့အစည်းတွေ၊ ဘဏ်တွေ၊ ငွေကြေးဆိုင်ရာနည်းပညာလုပ်ငန်းတွေ၊ အကြံပေးလုပ်ငန်းတွေနှင့်အတူ နည်းပညာ ဆန်းသစ်တီထွင်မှုတွေကို ပြုလုပ်ပေးနေပြီး ကျွန်တော်တို့ထားရှိတဲ့ အဓိက ရည်မှန်းချက်များ၊ စံနှုန်းများနှင့် ထပ်တူကျတဲ့ ပါတနာတွေနှင့် လက်တွဲလုပ်ဆောင်နေပါတယ်။ ဒီပလက်ဖောင်းဟာ ဗဟိုဘဏ်တွေအတွက် ယခုနဲ့နောင်အနာဂတ်မှာ ပြည်တွင်း၊ ပြည်ပ စီးပွားရေးချဲ့ထွင်မှုတွေအတွက် ဆုံးဖြတ်ချက်တွေ မှန်ကန်စွာချမှတ်နိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ။” ဟု Digital Asset and Blockchain Products and Partnerships, Mastercard ၏ Executive Vice President ဖြစ်သူ Raj Dhamodharan မှပြောကြားခဲ့သည်။

“ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDCs) စနစ်ဖော်ဆောင်မှုမှာ အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းအသီးသီးရဲ့ ပူးပေါင်းလုပ်ဆောင်မှုအားကောင်းမယ်ဆိုရင် ဗဟိုဘဏ်တွေဟာ CBDCs နှင့်သက်ဆိုင်တဲ့ နည်းပညာအခွင့်အလမ်းတွေ၊ အထောက်အပံ့တွေကို များစွာရရှိနိုင်မှာဖြစ်ပြီး နောင်ပေါ်ပေါက်လာမယ့် အခွင့်အရေးတွေကို ကြိုတင်သိမြင်နိုင်စေမယ့် သတင်းအချက်အလက်တွေကိုလည်း ရရှိနိုင်မှာဖြစ်ပါတယ်။” ဟု Digital Assets and Data Policy at the World Economic Forum ၏ Head of Blockchain ရာထူးကို တာဝန်ယူထားသော Sheila Warren မှပြောကြားသည်။

CBDCs သည် နိုင်ငံ၏ စက္ကူငွေကြေးတန်ဖိုးနှင့်တူညီပြီး အစိုးရထောက်ခံချက်ရရှိသည့် ငွေကြေးအမျိုးအစား များဖြစ်သည်။ ဗဟိုဘဏ်များအနေနှင့် စက္ကူငွေကြေးရိုက်နှိပ်ထုတ်လုပ်ခြင်း အပြင် ဒီဂျစ်တယ် ငွေကြေးများကိုလည်း နိုင်ငံ၏ တရားဝင်ငွေကြေးအမျိုးအစားအဖြစ် ထုတ်လုပ်နိုင်မည်ဖြစ်သည်။ ထို့အပြင် ပိုက်ဆံပုံနှိပ်ခြင်းနှင့်ဗဟိုဘဏ်၏ ဒီဂျစ်တယ်ငွေကြေးကိုယ်စားပြုအဖြစ်ထုတ်ပေးနိုင်သည်။

ဆန်းသစ်သော နည်းပညာများဖြင့် တိုးချဲ့ဆောင်ရွက်ခြင်း

လက်ရှိဆောင်ရွက်လျက်ရှိသော နိုင်ငံတကာဗဟိုဘဏ်များ၏ လုပ်ဆာင်မှုများတွင် ပုဂ္ဂလိက ဘဏ်များ နှင့် အခြားသော လိုင်စင်ရ ငွေလွှဲဝန်ဆောင်မှုများမှ တဆင့် ငွေစက္ကူများ ထုတ်လုပ်ဖြန့်ဝေစီးဆင်းစေခြင်း၊ ဒီဂျစ်တယ်ငွေလွဲစနစ်များ အသုံးပြုနေမှုများအပါအဝင် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။ Mastercard အနေဖြင့် ဗဟိုဘဏ်များ၏ ဗဟိုဘဏ် ဒီဂျစ်တယ်ငွေကြေးများအတွက် တွေ့ကြုံရလေ့ရှိသော အခက်အခဲများကို နားလည်သဘောပေါက်အောင် လေ့လာပြီး ပြုလုပ်ပေးထားသော နည်းပညာ ပလက်ဖောင်းတွင် ဒီဂျစ်တယ်ငွေကြေးများ၏ နိုင်ငံအလိုက် အသုံးပြုမှုနှင့် လိုအပ်မှုများကို ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ နည်းပညာ ပလက်ဖောင်းတွင် နိုင်ငံနဲ့ ဒေသဝန်းကျင်ပေါ်လိုက်ကာ လိုအပ်သလိုပုံဖော်နိုင်မည့် အောက်ပါ အချက်များ ပါဝင်လာမည်ဖြစ်ပါသည်။

ဒီဂျစ်တယ်ငွေကြေးများ သုံးစွဲမှုကို လှုံဆော်ရာတွင် – ဘဏ်နဲ့ သုံးစွဲသူများကြား ဖြန့်ဝေခြင်း၊ လဲလှယ်ခြင်းစသည့် ဂေဟစနစ်တွင် ဒီဂျစ်တယ်ငွေကြေးများမှ ဖြစ်ပေါ်လာနိုင်သော ကွန်ယက်နှင့် ယန္တရားများ – ဉပမာ – ကတ် ၊ အချိန်နှင့် တစ်ပြေးညီ ငွေပေးချေခြင်း

ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDCs) ကို အသုံးပြုပုံနှင့် သုံးစွဲသူများမည်သို့ အသုံးပြုကာ Mastercard ကို အသုံးပြုနိုင်တဲ့ မည့်သည့်နိုင်ငံ၊ ဒေသတွင်မဆို ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများကို ငွေပေးချေနိုင်ခြင်း

အခြားသော ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDCs) ဆိုင်ရာ နည်းပညာ နှင့် ဒီဇိုင်းများကို လေ့လာသုံးသပ်ကာ ဈေးကွက်အတွင်း တန်ဖိုးဖြတ်မှုနှင့် စမ်းသပ်အသုံးပြုမှုများကို လျင်မြန်စွာဆောင်ရွက်နိုင်စေရန်

ဗဟိုဘဏ်ဒီဂျစ်တယ်ငွေကြေး (CBDCs) အကောင်အထည်ဖော်ရာတွင် နည်းပညာတည်ဆောက်မှု၊ လုံခြုံစိတ်ချရမှုအပိုင်း နှင့် အစောပိုင်း စမ်းသပ်ထားသော ဒီဇိုင်းနှင့် လုပ်ဆောင်မှုများစွာကို ထည့်သွင်းဆောင်ရွက်ထားရှိခြင်း။

ဗဟိုဘဏ် ဒီဂျစ်တယ်ငွေကြေးစနစ် ၏ အနာဂတ်ကာလ

Mastercard အနေဖြင့် ဗဟိုဘဏ်များ ရွေးချယ်သုံးစွဲမည့် ခေတ်မီ ငွေပေးချေမှုပိုင်းဆိုင်ရာ နည်းပညာများတွင် လက်ရှိထက် ပိုမို လွယ်ကူချောမွေ့မှုရှိစေရန်အတွက် ပံ့ပိုးကူညီပေးရန် အသင့်ရှိနေပါသည်။ ကုမ္ပဏီအနေဖြင့် နိုင်ငံခြား မိတ်ဖက်အနေဖြင့် ပုဂ္ဂလိက ကဏ္ဍနှင့် အစိုးရကဏ္ဍ တို့ဖြင့် ပူးပေါင်းကာ လုပ်ငန်းများနှင့် ပြည်သူများ ငွေပေးချေမှု လွယ်ကူစေရန် ပုံဖော်ပေးရန် ဆန္ဒရှိပါသည်။

Source – Mastercard