Meizu ဟာ စမတ်ဖုန်း လောကမှာ ခက်ခဲကြပ်တည်းတဲ့ နှစ်များစွာကို ကျော်ဖြတ်ခဲ့ရပေမယ့် ဒီလောကထဲကနေ မထွက်ခွာသေးပါဘူး။ အခုလည်း mBlu 21 လို့ နာမည်ပေးထားတဲ့ တန်ဖိုးနည်း စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။
ဒီဖုန်းမှာ Display က 6.79” IPS LCD ဖြစ်ပြီး HD+ Resolution နဲ့ 90Hz Refresh Rate သုံးထားပါတယ်။ Display ရဲ့ Punch Hole Cutout မှာ 8MP အရှေ့ ကင်မရာ တပ်ဆင်ထားပါတယ်။
အနောက်ဘက်မှာ 13MP Main နဲ့ 2MP Depth Helper ကင်မရာ ထည့်သွင်းထားပြီး LED Flash Module ပါပါတယ်။ Meizu mBle 21 မှာ Unisoc T606 Chipset မောင်းနှင်ထားပြီး 4/6GB RAM နဲ့ 64/128GB Storage ထည့်သွင်းထားပါတယ်။ Storage ကို မြှင့်တင်ချင်ရင် microSD Card စိုက်နိုင်ပါတယ်။
Software က Android 14 ဖြစ်ပြီး ဘက်ထရီက 4,900mAh ဖြစ်ပါတယ်။ Meizu mBlu 21 အတွက် အနက်၊ အဖြူနဲ့ အပြာရောင် ထုတ်လုပ်ထားပါတယ်။ တရုတ်မှာ ၉၅ ဒေါ်လာနဲ့ Aliexpress ကနေ ရောင်းချပေးနေပါပြီ။
Ref: gsmarena