နာမည်ကျော် Fast Food အရောင်းဆိုင် McDonald က တရုတ်ဈေးကွက်မှာ ရောင်းချတာ ၃၁ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် NFTs (Non-fungible Tokens) ၁၈၈ ခုကို အောက်တိုဘာလ ၈ နေ့မှာ လက်ဆောင်ပေးခဲ့ပါတယ်။ အဲဒီ NFTs တွေကို “Big Mac Rubik’s Cube “ လို့ နာမည်ပေးထားပြီး ဝန်ထမ်းတွေနဲ့ စားသုံးသူတွေကို ပေးခဲ့တာပါ။

Big Mac Rubik’s Cube NFTs တွေကို တရုတ်က McDonald ရုံးချုပ်ရဲ့ 3D Structure ကို အခြေပြုကာ ဒီဇိုင်းထုတ်ထားတာပါ။ အဲဒီ NFTs တွေကို Confluux Public Blackchain အပေါ် တည်ဆောက်ထားတာ ဖြစ်ပြီး ဒစ်ဂျစ်တယ် ပစ္စည်း ဖန်တီးတဲ့ Cocafe အေဂျင်စီနဲ့ ပူးပေါင်း ဖန်တီးထားတာပါ။

McDonald's China Launch Their First NFT Called "Big Mac Rubik's Cube" –  Fintechs.fi

တရုတ်က McDonald ရဲ့ စီးပွားရေးလုပ်ငန်းမှာ ရှယ်ယာအများစု ပိုင်ဆိုင်ထားတာက တရုတ် အစိုးရ ပိုင် ကုမ္ပဏီ CITIC Group ဖြစ်ပါတယ်။ McDonald က တရုတ်မှာ NFTs ကို မိတ်ဆက်နေပေမယ့် အာဏာပိုင်တွေက Crypto လုပ်ငန်းအားလုံးကို ပိတ်ပင်ဖို့ ကြိုးစားနေပါတယ်။ မကြာခင်ကပဲ Crypto Mining ပစ္စည်းတွေ ထုတ်လုပ်တဲ့ Bitmain ကို ပိတ်ပင်ခဲ့ပါတယ်။

တရုတ်က Crypto လဲလှယ်တဲ့ Huobi ဟာလည်း Customer အသစ်တွေကို လက်မခံတော့ဘဲ ဒီနှစ်ကုန်မှာ လုပ်ငန်းအားလုံးကို ပိတ်တော့မှာ ဖြစ်ပါတယ်။ တရုတ်က ပိတ်ပင်နေပေမယ့်လည်း ကမ္ဘာအဝန်းမှာ Crypto Ecosystem ဟာ တောက်လျှောက်တိုးတက်လာနေပါတယ်။

Ref : cointelegraph