McDonald က အီတလီ စကားပြောပြီး လူဦးရေ ၆၃,၀၀၀ ရှိတဲ့ ဆွစ်ဇာလန်က လူဂါနိုမြို့မှာ Bitcoin နဲ့ Tether ကို လက်ခံလိုက်ပြီ ဖြစ်ပါတယ်။

McDonald's Reportedly Accepting Bitcoin, Tether Payments in Swiss Town of Lugano

အဲဒီ ဒေသဟာ အနောက် ဥရောပ နိုင်ငံတွေထဲမှာ Crypto ကို လက်ခံ အသုံးပြုမှု အလွန်များတဲ့အတွက် ဒေသတွင်း ကုမ္ပဏီတွေဟာ Crypto ကို လက်ခံဖို့ ပြုလုပ်လာကြပါတယ်။ အခုလည်း ကမ္ဘာ့ အကြီးမားဆုံး Fast Food Chain ဖြစ်တဲ့ McDonald ဟာ အချိန်အနည်းငယ်ကြာပြီးနောက်မှာ Cryptocurrency ကို စတင်လက်ခံလိုက်ပြီ ဖြစ်ပါတယ်။

McDonald's now Accepts Bitcoin and Tether in Swiss Town

လူဂါနိုမြို့ဟာ ၂၀၂၂ ခုနှစ် မတ်လမှာ Tether Operations Limited ကို လက်မှတ်ထိုးပြီးနောက်မှာ လူဂါနိုမြို့ခံတွေဟာ အခွန်ပေးတာ၊ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူတာတွေအတွက် ဒစ်ဂျစ်တယ် ငွေကြေးကို အသုံးပြုလို့ရလာပါတယ်။ ဒါ့အပြင် Tether ရဲ့ အကူအညီနဲ့ အီတလီ စကားပြောတဲ့ လူဂါနိုမြို့ဟာ အဓိက Blockchain Hub ဖြစ်လာပါတယ်။

လူဂါနိုမှာ အခုလို Crypto ကို လက်ခံ အသုံးပြုလာတာကို ကူညီအားပေးတဲ့ အနေနဲ့ Tether က အဲဒီ ဒေသက Blockchain ကုမ္ပဏီငယ်တွေကို ငွေကြေး ကူညီဖို့ ဒေါ်လာ သန်းနဲ့ချီတဲ့ ရန်ပုံငွေ တည်ထောင်ပေးထားပြီး လူငယ်တွေကို Cryptocurrency အကြောင်း ပညာပေးနေပါတယ်။

Ref : innotechtoday