McDonald ဟာ McRib Sandwich ရောင်းချတဲ့ နှစ် ၄၀ ပြည့် အထိမ်းအမှတ် အဖြစ် NFTs or Non-fungible Token တွေ ဖန်တီးလိုက်ပါတယ်။ “ Fan တွေ အသည်းစွဲ Sandwich ရဲ့ ဒစ်ဂျစ်တယ် ဗားရှင်း NFTs တွေ ဖြစ်ပြီး McRib လိုပဲ ပြည့်စုံကောင်းမွန်ပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့ကစတင်ကာ အဲဒီ NFTs တွေကို Fan တချို့အတွက် လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။ “ လို့ McDonald က ပြောပါတယ်။
i present to u the most important NFT. RT for a chance to win one of ten exclusive #McRibNFT
no purch. nec. 50 U.S./DC, 18+ only. winners need crypto wallet to receive NFT. rules: https://t.co/2QRhsPlpur pic.twitter.com/KYmWI67PhG
— McDonald's (@McDonalds) November 1, 2021
NFTs တွေအကြောင်း လူတွေ သိပ်မသိသေးပေမယ့် အချိန်တိုအတွင်း အရမ်းကို လျှင်လျှင်မြန်မြန် ရေပန်းစားလာပါတယ်။ ဒစ်ဂျစ်တယ် အနုပညာရှင် Beeple ရဲ့ NFTs ကို ဒေါ်လာ ၆၉.၃ သန်းနဲ့တောင် ရောင်းချနိုင်ခဲ့ပါတယ်။ စာဖတ်သူ မျက်စိမှားတာ မဟုတ်ပါဘူး။ တကယ်ကို ဒေါ်လာ သန်း ၇၀ နီးပါးနဲ့ ရောင်းချနိုင်ခဲ့တာ ဖြစ်ပါတယ်။
NFTs တွေအကြောင်း နည်းနည်း ရှင်းပြချင်ပါတယ်။ NFTs တွေဟာ Blockchain နည်းပညာကို အသုံးပြုကာ မှတ်တမ်းတင်ထားတဲ့ ဒစ်ဂျစ်တယ်ဖိုင်တွေ ဖြစ်ပြီး အဲဒီ နည်းပညာကိုပဲ Bitocin နဲ့ Ethereum တို့လို နာမည်ကျော် Cryptocurrency တွေမှာ အသုံးပြုထားကြပါတယ်။
Cryptocurrency နဲ့ မတူညီတာက NFTs တွေရဲ့ ပိုင်ရှင် အစစ်အမှန်တွေကို Blockchain Ledger က သက်သေခံပေးတာ ဖြစ်ပါတယ်။ NFTs ၁ ခုကို လူ ၁ ဦးကပဲ ပိုင်ဆိုင်နိုင်တာ ဖြစ်ပြီး တခြား လူတွေနဲ့ မျှဝေပိုင်ဆိုင်ခွင့် မရှိပါဘူး။ အဲဒါကပဲ လူတွေ သဘောကျစရာ ဖြစ်နေတာပါ။ အနုပညာလက်ရာ၊ ဓါတ်ပုံနဲ့ ဗီဒီယိုတွေကို မူပိုင်အဖြစ် စုဆောင်းလို့ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။
McDonald ရဲ့ NFTs ကို ပိုင်ဆိုင်ချင်ရင် တွစ်တာမှာ McDonald ကို Follow လုပ်ထားရမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က တင်ထားတဲ့ Sweepstakes Invitation Tweet ကို Retweet လုပ်ထားရမှာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၇ ရက်နေ့အတွင်း ကံထူးသူတွေကို ရွေးချယ်ပေးမှာ ဖြစ်ပြီး နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ကံထူးသူ ၁၀ ယောက်ကို NFTs တွေ လက်ဆောင်ပေးမှာပါ။
Ref : Aljazeera