Unicode

MediaTek ကနေ အခုအချိန်မှာ Helio G70 နာမည်နဲ့ Chipset အသစ်တစ်ခုကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Helio G70 Chipset ဟာ လက်ရှိ Helio G90T နဲ့ G90 Processor တွေရဲ့ အောက်မှာရှိမှာဖြစ်ပြီး Mid Range Gaming အတွက် အဓိကရည်ရွယ်ထားတာလည်းဖြစ်ပါတယ်။

အခု MediaTek Helio G70 Chipset ဟာ Octa-core Processor အမျိုးအစားဖြစ်ပြီးတော့ 2GHz Cortex A75 Cores ၄ လုံးနဲ့ 1.7GHz Cortex A55 Core ၄ လုံးပါဝင်မှာဖြစ်ပါတယ်။ GPU အနေနဲ့ကတော့ 820MHz Mali-G52 2EEMC2 ကို သုံးစွဲထားပါတယ်။ ဒီ Helio G70 Chipset ဟာဆိုရင် 1080 x 2520 Pixels Resolution Display ၊ 8GB LPDDR4x RAM နဲ့ eMMC 5.1 Storage တွေကို Support ပေးနိုင်မှာလည်းဖြစ်ပါတယ်။

Connectivity ပိုင်းအနေနဲ့ကတော့ 4G Support ၊ Wi-Fi 5 802.11ac နဲ့ Bluetooth 5.0 ကို Support ပေးမှာဖြစ်ပါတယ်။ Camera အနေနဲ့ကတော့ 48MP Single Camera သို့မဟုတ် 16MP + 16MP Dual Camera Setup တွေအပြင် 30fps Video Recording ကိုပါ ရိုက်ကူးနိုင်မှာပါ။ ကျန်တဲ့ Camera ပိုင်း Feature တွေဖြစ်တဲ့ FaceID ၊ Single and Dual Camera Bokeh နဲ့ AI Smart Photo Album လို Feature တွေလည်းပါဝင်မှာဖြစ်ပါတယ်။

အခု Helio G70 Chipset ဟာ Game ဆော့ကစားနေတုန်းမှာ ပိုမိုမြန်ဆန်ပြီး Smooth ဖြစ်နေဖို့အတွက် HyperEngine Game Technology ကိုလည်း ထည့်သွင်းပေးထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် Gaming ပိုင်းမှာ Power စားသက်သာအောင် Intelligent Networking နဲ့ Resource Management Feature တွေလည်းပါဝင်မှာပါ။

ဒီ Helio G70 Chipset ကို Xiaomi ကနေ Redmi 9 စမတ်ဖုန်းမှာ ပထမဆုံးအသုံးပြုလာမယ်လို့ သိရပြီး အဆိုပါ Redmi 9 ဖုန်းမှာ 6.6″ Display ၊ RAM 4GB နဲ့ 64GB Storage ပါဝင်လာမှာဖြစ်ပါတယ်။ Software ပိုင်းအနေနဲ့လည်း Android 10 OS ကို အခြေခံထားတဲ့ MIUI 11 ကို သုံးစွဲလာမှာပါ။

Ref – Gizmo China

Zawgyi

MediaTek ကေန အခုအခ်ိန္မွာ Helio G70 နာမည္နဲ႔ Chipset အသစ္တစ္ခုကို မိတ္ဆက္လိုက္ၿပီျဖစ္ပါတယ္။ အဆိုပါ Helio G70 Chipset ဟာ လက္ရွိ Helio G90T နဲ႔ G90 Processor ေတြရဲ႕ ေအာက္မွာရွိမွာျဖစ္ၿပီး Mid Range Gaming အတြက္ အဓိကရည္႐ြယ္ထားတာလည္းျဖစ္ပါတယ္။

အခု MediaTek Helio G70 Chipset ဟာ Octa-core Processor အမ်ိဳးအစားျဖစ္ၿပီးေတာ့ 2GHz Cortex A75 Cores ၄ လုံးနဲ႔ 1.7GHz Cortex A55 Core ၄ လုံးပါဝင္မွာျဖစ္ပါတယ္။ GPU အေနနဲ႔ကေတာ့ 820MHz Mali-G52 2EEMC2 ကို သုံးစြဲထားပါတယ္။ ဒီ Helio G70 Chipset ဟာဆိုရင္ 1080 x 2520 Pixels Resolution Display ၊ 8GB LPDDR4x RAM နဲ႔ eMMC 5.1 Storage ေတြကို Support ေပးႏိုင္မွာလည္းျဖစ္ပါတယ္။

Connectivity ပိုင္းအေနနဲ႔ကေတာ့ 4G Support ၊ Wi-Fi 5 802.11ac နဲ႔ Bluetooth 5.0 ကို Support ေပးမွာျဖစ္ပါတယ္။ Camera အေနနဲ႔ကေတာ့ 48MP Single Camera သို႔မဟုတ္ 16MP + 16MP Dual Camera Setup ေတြအျပင္ 30fps Video Recording ကိုပါ ႐ိုက္ကူးႏိုင္မွာပါ။ က်န္တဲ့ Camera ပိုင္း Feature ေတြျဖစ္တဲ့ FaceID ၊ Single and Dual Camera Bokeh နဲ႔ AI Smart Photo Album လို Feature ေတြလည္းပါဝင္မွာျဖစ္ပါတယ္။

အခု Helio G70 Chipset ဟာ Game ေဆာ့ကစားေနတုန္းမွာ ပိုမိုျမန္ဆန္ၿပီး Smooth ျဖစ္ေနဖို႔အတြက္ HyperEngine Game Technology ကိုလည္း ထည့္သြင္းေပးထားတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ Gaming ပိုင္းမွာ Power စားသက္သာေအာင္ Intelligent Networking နဲ႔ Resource Management Feature ေတြလည္းပါဝင္မွာပါ။

ဒီ Helio G70 Chipset ကို Xiaomi ကေန Redmi 9 စမတ္ဖုန္းမွာ ပထမဆုံးအသုံးျပဳလာမယ္လို႔ သိရၿပီး အဆိုပါ Redmi 9 ဖုန္းမွာ 6.6″ Display ၊ RAM 4GB နဲ႔ 64GB Storage ပါဝင္လာမွာျဖစ္ပါတယ္။ Software ပိုင္းအေနနဲ႔လည္း Android 10 OS ကို အေျခခံထားတဲ့ MIUI 11 ကို သုံးစြဲလာမွာပါ။

Ref – Gizmo China