Snapdragon လိုမျိုးပဲ Mobile Processor တွေကို ထုတ်လုပ်နေတဲ့ MediaTek ကုမ္ပဏီဟာ အခုနောက်ပိုင်းမှာ Gaming ဦးစားပေးတဲ့ Processor တွေကို ဆက်တိုက်ထုတ်လုပ်လာပါတယ်။ ပြီးခဲ့တဲ့နှစ်ဇူလိုင်လတုန်းက Helio G90T/G90 Processor တွေထွက်ရှိထားသလို Entry Gaming အတွက် Helio G70 Processor တွေကို မိတ်ဆက်ထားပြီးလည်းဖြစ်ပါတယ်။

အခုအချိန်မှာတော့ MediaTek ကနေ ဒီ Helio G90 နဲ့ G70 ကြားကို ဝင်ရောက်လာမယ့် Helio G80 Processor အသစ်ကို မိတ်ဆက်လိုက်ပါပြီ။ ဒါပေမယ့် Performance ပိုင်းမှာတော့ G90 ထက် G70 နဲ့ပိုပြီးဆင်တူမှာဖြစ်ပြီး MediaTek ကတော့ Mid Range နဲ့ Budget Gaming Phone တွေအတွက် ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

အဆိုပါ MediaTek Helio G70 ကို India မှာ ယခုလထွက်ရှိမယ့် စမတ်ဖုန်းတွေမှာ တွေ့မြင်ရမယ်လို့လည်း ပြောကြားခဲ့ပြီး ဘယ်စမတ်ဖုန်းမှာ အရင်ဆုံးမြင်ရမလဲဆိုတာကိုတော့ မသိရှိရသေးပါဘူး။ ဖြစ်နိုင်တာကတော့ India စျေးကွက်ကို အပြင်အဆိုင်နေရာယူဖို့ကြိုးစားနေတဲ့ Realme သို့မဟုတ် Xiaomi ဖြစ်ဖို့များနေပါတယ်။ Realme ဟာဆိုရင် MediaTek Helio G70 Processor နဲ့ Realme C3 ကို မကြာခင်မိတ်ဆက်သွားဦးမှာပါ။

MediaTek Helio G80 Processor ဟာ Octa-core Processor အမျိုးအစားဖြစ်ပြီး 2.0GHz Cortex A75 Core ၂ လုံးနဲ့ 1.8GHz Cortex A55 Core ၆ လုံးပါဝင်မှာဖြစ်ပါတယ်။ CPU Architecture အနေနဲ့ 12nm ကို အသုံးပြုထားပြီးတော့ ARM Mali-G52 MC2 GPU ကို Helio G70 ထက် ပိုမိုမြန်ဆန်တဲ့ 950MHz Clock Speed နဲ့ အလုပ်လုပ်သွားမှာဖြစ်ပါတယ်။ Snapdragon Processor တွေထဲမှာဆိုရင် Helio G80 ဟာ Snapdragon 710 နဲ့ဆင်တူမှာဖြစ်ပါတယ်။

MediaTek Helio G80 Processor ဟာ AI ပိုင်း APU တွေပါဝင်ခြင်းမရှိပေမယ့် HyperEngine Game Technology အပြင် Voice on Wakeup ၊ EIS ၊ Rolling Shutter Compensation နဲ့ Inertial Navigation Engine တွေကို Support ပြုလုပ်သွားမှာဖြစ်ပါတယ်။

Ref – XDA Developer