ပြီးခဲ့တဲ့ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ နှစ်ပတ်လည်ထိပ်သီးအစည်းအဝေးမှာ MediaTek ဟာ တန်ဖိုးနည်း 5G စမတ်ဖုန်းတွေအတွက်ရည်ရွယ်တဲ့ 7nm Dimensity 700 5G Chipset သစ်ကို ကြေညာခဲ့ပါတယ်။ ဒါ့အပြင် Chromebooks တွေအတွက် အခြား processor တွေဖြစ်တဲ့ MT8192 နဲ့ MT8195 တို့ကိုလည်း ဖြန့်ချိခဲ့ပါတယ်။

MediaTek ဟာ လာမယ့်နှစ်အတွင်း 5G Chipset တင်ပို့ရောင်းချခြင်းမှာ ကြီးမားတဲ့ခုန်ပျံကျော်လွှားမှုတစ်ခုကို ပြုလုပ်နိုင်ဖို့ မျှော်လင့်ထားကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ထိုင်ဝမ် Semiconductor ကုမ္ပဏီကြီးဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာ 5G chipset ပေါင်း သန်း ၅၀၀ အထိ ထုတ်လုပ်တင်ဖို့နိုင်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

MediaTek အနေနဲ့ အလွန်များပြားတဲ့ ကိန်ဂဏန်းတွေကို ရည်မှန်းထားတယ်ဆိုပေမယ့် အခုအချိန်ထိတော့ စတင်ထုတ်လုပ်ခြင်းတောင် မရှိသေးတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Rick Tsai ကတော့ လာမယ့်နှစ်အတွင်း ကုမ္ပဏီဟာ 5G ဈေးကွက်အတွက် နှစ်ဆတိုးထုတ်လုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

ကုမ္ပဏီဟာ ၂၀၂၀ ပြည့်နှစ်မှာလည်း သူတို့ကြိုတင်မျှော်မှန်းထားတဲ့အတိုင်း 5G chipset ပေါင်း သန်း ၂၀၀ ကို တင်ပို့နိုင်ခဲ့ပါတယ်။ ဒါကြောင့် 5G အစောပိုင်းခေတ်မှာတင် အောင်မြင်ခဲ့တဲ့အတွေ့အကြုံကိုအခြေခံပြီး လာမယ့်နှစ်မှာလည်း မျှော်မှန်းထားတဲ့ပမာဏကို ပြည့်မီအောင်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ကြောင်း Rick က ဆိုပါတယ်။

ဒီနှစ်ရဲ့ Q2 အရ MideaTek ဟာ ကမ္ဘာ့ဈေးကွက်ဝေစုပိုင်ဆိုင်မှုကို ၂၆% နီးပါးအထိ ရယူထားနိုင်ပြီး ဒါဟာ ဦးဆောင်သူ Qualcomm နောက်မှာ ရှိနေတာလည်း ဖြစ်ပါတယ်။ Dimensity SoC တွေဟာ Q3 နဲ့ လက်ရှိ Q4 တို့မှာလည်း အရှိန်အဟုန်ကောင်းနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် MediaTek ဟာ အစောကတည်းက 5G data cards, 5G broadband, telematics နဲ့ 5G industrial LoT တို့ကို လုပ်ကိုင်နေပြီလို့လည်း သိရပါတယ်။

Ref: Gizmochina