MediaTek ကနေ 5G Dimensity Series Chipset အသစ်တစ်ခုဖြစ်တဲ့ Dimensity 800U ကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Dimensity 800U Chipset ဟာ လက်ရှိ 800 Series Chipset တွေဖြစ်တဲ့ Dimensity 800 နဲ့ Dimensity 820 Chipset တွေရဲ့ ကြားထဲမှာရှိမယ်လို့ သိရပါတယ်။

အဆိုပါ Dimensity 800U Chipset ဟာ Integrated 5G Modem အပြင် Dual 5G SIM (SA & NSA Modes) ကို Support ပေးနိုင်မှာဖြစ်ပါတယ်။ အဲ့ဒီအတွက် စျေးနှုန်းသက်သာတဲ့ Mid Range ဖုန်းတွေမှာ Dual 5G SIM Support ကို ရရှိလာစေဖို့ အဓိက ရည်ရွယ်သွားမယ်လို့ ယူဆရပါတယ်။

Performance ပိုင်းမှာလည်း Dimensity 800 Chipset လိုမျိုးပဲ 7nm Architecture ကို အခြေခံထားပြီး Clock Speed အနေနဲ့ ပိုပြီးကို မြန်ဆန်ဦးမှာဖြစ်ပါတယ်။ Octa-Core CPU အမျိုးအစားဖြစ်ပြီး 2 x Cortex-A76 Core တွေက 2.4Ghz ၊ 6 x Cortex-A55 Core တွေက 2.0GHz နဲ့ အလုပ်လုပ်သွားမှာဖြစ်ပါတယ်။ RAM အနေနဲ့ 12GB LPDDR4X RAM အထိ Support ပေးနိုင်မှာဖြစ်ပြီး GPU အနေနဲ့ကတော့ Mali-G57 MC3 ကိုပဲ အသုံးပြုသွားမယ်လို့ သိရပါတယ်။

အဲ့ဒီအတွက် RAM နဲ့ GPU ပိုင်းမှာတော့ Dimensity 800 Chipset နဲ့ ယှဥ်ရင်အားနည်းတယ်ဆိုပေမယ့် Storage ပိုင်းမှာတော့ UFS 2.1 အစား UFS 2.2 အထိ Support ပေးနိုင်မှာဖြစ်ပါတယ်။ Display ပိုင်းမှာတော့ Full HD+ 120Hz အထိ အသုံးပြုနိုင်မှာဖြစ်သလို Camera အနေနဲ့လည်း 64MP Sensor တွေအထိ Support ပြုလုပ်သွားနိုင်မှာပါ။ Video Recording အနေနဲ့ကတော့ 4K 30fps Video တွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် မကြာခင်မှာ ယခု MediaTek Dimensity 800U Chipset ကို အသုံးပြုထားတဲ့ စမတ်ဖုန်းအသစ်တွေကို မြင်တွေ့ရဖွယ်ရှိနေပါတယ်။

Ref – GSM Arena