MediaTek ကနေ Dimensity 820 Chipset အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ Dimensity 820 Chipset ဟာ ပြီးခဲ့တဲ့ Dimensity 800 Chipset ထက် သိသိသာသာကို စွမ်းဆောင်ရည်ပိုကောင်းမွန်လာတာဖြစ်ပြီး Mid Range စမတ်ဖုန်းစျေးကွက်အတွက် ရွေးချယ်စရာတစ်ခုဖြစ်လာမှာပါ။

အရင်ဆုံးအနေနဲ့ Dimensity 820 Chipset ဟာ 7nm Architecture ကိုပဲ အသုံးပြုထားပြီးတော့ 2.6GHz Cortex-A76 Core ၄ လုံးနဲ့ 2.0GHz Cortex-A55 Core ၄ လုံးပါဝင်တဲ့ Octa-Core Processor ကို အသုံးပြုထားပါတယ်။ RAM အနေနဲ့ 16GB LPDDR4x အထိ Support ပေးနိုင်မှာဖြစ်ပါတယ်။

GPU ပိုင်းအနေနဲ့ ပြီးခဲ့တဲ့ Dimensity 800 မှာ အသုံးပြုထားတဲ့ Mali-G57 GPU ကိုပဲ အသုံးပြုထားပေမယ့် Core ၄ လုံးအစား Core ၅ လုံးအထိ Upgrade ပြုလုပ်ထားတာဖြစ်ပါတယ်။ Screen Resolution ကို 1080p+ အထိ Support ပေးနိုင်ပြီးတော့ 120Hz Refresh Rate ကိုပါ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဘာပဲဖြစ်ဖြစ် GPU Performance ပိုင်းမှာတော့ သိသိသာသာကို ပိုပြီးကောင်းမွန်လာမှာပါ။

နောက်ထပ် Feature တစ်ခုအနေနဲ့ Dimensity 820 Chipset ဟာ Dual SIM 5G ကို Support ပြုလုပ်ပေးနိုင်တာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် ပြီးခဲ့တဲ့ Dimensity 800 Chipset နဲ့ ယှဥ်မယ်ဆိုရင် ကြီးမားတဲ့ အားသာချက်တစ်ခုဖြစ်လာမှာပါ။

MediaTek ရဲ့ ပြောကြားချက်အရတော့ အဆိုပါ Dimensity 820 Chipset ဟာ Qualcomm Snapdragon 765G ထက် Single-Core Performance မှာ ၇ ရာခိုင်နှုန်း၊ Multi-Core မှာ ၃၇ ရာခိုင်နှုန်းနဲ့ GPU ပိုင်းမှာ ၃၃ ရာခိုင်နှုန်းအထိ ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။ အဆိုပါ Dimensity 820 Chipset ကိုတော့ Xiaomi Redmi 10X ဖုန်းမှာ ပထမဆုံးအနေနဲ့ အသုံးပြုလာမှာပါ။

Ref – GSM Arena