ကမ္ဘာ့ထိပ်တန်း Chipset ထုတ်လုပ်တဲ့ ကုမ္ပဏီ ၁ ခု ဖြစ်တဲ့ MediaTek က စမတ်ဖုန်းတွေအတွက် စွမ်းရည်မြင့် Chipset ဖြစ်တဲ့ MediaTek Dimensity 9200 ကို နိုဝင်ဘာလ ၈ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုလိုက်ပါတယ်။

MediaTek Dimensity 9200 Chipset

ကုမ္ပဏီက မျှဝေလိုက်တဲ့ Teaser Poster အရ Dimensity 9200 မှာ ထိပ်တန်း စွမ်းဆောင်ရည်ရရှိအောင်နဲ့ စွမ်းအင် စားသုံးမှု အလွန်နည်းအောင် အာရုံစိုက်ထားမှာပါ။ ဂိမ်းကစားတဲ့ အတွေ့အကြုံဟာလည်း အလွန် ကောင်းမွန်နိုင်ပါတယ်။

အရင်သတင်းတွေအရ Dimensity 9200 ကို TSMC ရဲ့  4nm Process Node နဲ့ တည်ဆောက်ထားမှာ ဖြစ်ပြီး အရင်လိုပဲ တူညီတဲ့ Cortex-A710 နဲ့ Cortex-A510 Cores တွေကို အသုံးပြုထားမှာပါ။ Chipset ရဲ့ Prototype မှာ 2.85GHz Performance နဲ့ 2.0GHz Efficient Cores တွေနဲ့အတူ 3.05GHz 1 x ARM Cortex-X3 Prime Cores ပါတဲ့ Triple-Cluster CPU Architecture ကို သုံးထားမှာပါ။

MediaTek's Dimensity 9200-chipaankondiging is slechts enkele da

မကြာခင်က Dimensity 9200 ရဲ့ AnTuTu Benchmark ထွက်ပေါ်ခဲ့ပြီး ၁,၂၆၆,၁၀၂ မှတ် ရရှိခဲ့ကာ လက်ရှိ စမတ်ဖုန်းအားလုံးထက် စွမ်းဆောင်ရည် ပိုကောင်းပါတယ်။ CPU က သိသိသာသာ တိုးတက်မှု မရှိပေမယ့် GPU မှာ အလွန်တိုးတက်လာပါတယ်။

GPU Benchmark မှာ Dimensity 9200 ဟာ GFX 1080p Manhattan 3.0 Off-screen Test မှာ 328 Fps နဲ့ Manhattan 3.1 Off-screen Test မှာ 228 Fps ရထားပါတယ်။ နှိုင်းယှဉ်ရရင် Apple A16 Bionic Chip ဟာ အဲဒီ တူညီတဲ့ စမ်းသပ်မှုတွေမှာ 280 Fps နဲ့ 200 Fps အသီးသီးရထားတဲ့အတွက် Dimensity 9200 က ပိုကောင်းနေပါတယ်။

Ref : gizmochina