MediaTek ဟာ Headphone တွေအတွက် Apple ရဲ့ ထောက်ပံ့ရေ:ကွင်းဆက်ထဲကို ဝင်ရောက်လာတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒီသတင်းက လုပ်ငန်းစဉ်နဲ့ရင်းနှီးကျွမ်းဝင်တဲ့နယ်ပယ်က ထွက်လာတယ်လို့ GSM Arena က ဆိုထားပေမယ့် မူလသတင်းရင်းမြစ်ကတော့ တရုတ်မီဒီယာတစ်ခုဆီက ဖြစ်ပါတယ်။

Apple ဟာ Beats နဲ့ သူ့ရဲ့ Headset စက်ရုံတွေကို ပိုင်ဆိုင်ပြီးတဲ့နောက်၊ ကုမ္ပဏီဟာ နားကြပ်တွေအတွက် လိုအပ်တဲ့အစိတ်အပိုင်းပစ္စည်းအချို့ကိုပြုလုပ်ဖို့အတွက် MediaTek ကို ရွေးချယ်လိုက်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ MediaTek အတွက်တော့ Apple ရဲ့ ထောက်ပံ့ရေ:ကွင်းဆက်ထဲကို ပထမဆုံးအကြိမ် ဝင်ရောက်လာခြင်းလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီအနေနဲ့ Apple အတွက် ဘယ်လိုအစိတ်အပိုင်းတွေကို ထောက်ပံ့ပေးရမယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ထုတ်လုပ်မှုနယ်ပယ်တွင်း စောင့်ကြည့်သူတွေကတော့ ပထမဆုံးအမှာစာကို ဒီနှစ် ဖေဖော်ဝါရီကနေ မတ်လအတွင်း တင်ပို့လာဖွယ်ရှိတယ်လို့ သုံးသပ်ကြပါတယ်။

Apple ဟာ သူ့ရဲ့ စမတ်ဖုန်းရောင်းချခြင်းတွေမှာ Headphone တွေကို လက်လီဘူးထဲ မထည့်ပေးတော့တဲ့နောက်ပိုင်းကစပြီး ကိုယ်ပိုင်အမှတ်တံဆိပ်ဖြစ်တဲ့ Beats headphone တွေရဲ့ ထုတ်လုပ်မှုကို ပိုပြီးတိုးချဲ့လာတာလည်း ဖြစ်ပါတယ်။ Apple ဟာ ဒီနှစ်မှာ ခန့်မှန်းခြေ iPhone သန်း ၂၀၀ ဝန်းကျင် တင်ပို့ရောင်းချမယ်လို့ ခန့်မှန်းနေကြပါတယ်။ အများစုကတော့ နားကြပ်တစ်စုံထပ်ဝယ်ဖို့ လိုအပ်မှာဖြစ်ပြီး၊ ဒါကလည်း Beats ရဲ့ Portfolio ကို တိုးချဲ့ဖို့အခွင့်ကောင်းဖြစ်နေပါတယ်။

Ref: GSM Arena