MediaTek ဟာ အခုနှစ်အတွင်းမှာ စမတ်ဖုန်းတွေအတွက် Chipset တွေကို အများအပြားမိတ်ဆက်နေတာဖြစ်ပါတယ်။ အဲ့ဒီထဲမှာ Dimensity Series Chipset တွေဟာဆိုရင် 5G Network ကို Support ပြုလုပ်သလို စျေးသက်သာတဲ့စမတ်ဖုန်းတွေမှာလည်း အသုံးပြုမှုများပြားခဲ့တာဖြစ်ပါတယ်။

အခုအချိန်မှာလည်း MediaTek ကနေ MT6893 ဆိုပြီး Codename ပေးထားတဲ့ Chipset အသစ်ကို ထုတ်လုပ်ဖို့ရှိနေပြီးတော့ Mid Range ဖုန်းတွေအတွက် အဓိကရည်ရွယ်လာမယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။ နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ အဆိုပါ MT6893 Chipset ရဲ့ Geekbench ရမှတ်တွေကိုပါ ဖော်ပြခဲ့ပါတယ်။

အဆိုပါ Geekbench ရလဒ်တွေအရ MediaTek ရဲ့ 6nm Architecture ကို အခြေခံထားတဲ့ MT6893 Chipset ဟာ Single-Core Score မှာ Flagship Chipset ဖြစ်တဲ့ Dimensity 1000+ Chipset ထက်တောင် ပိုသာနေတာကို တွေ့ရပါတယ်။

ဒါပေမယ့်လည်း Multi-Core Score မှာတော့ Dimensity 1000+ Chipset က အနည်းငယ်ပြန်သာနေမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး Mid Range Chipset အသစ်တစ်ခုအနေနဲ့ စွမ်းဆောင်ရည်ပိုင်းမှာ Flagship Chipset တစ်ခုနဲ့ ယှဥ်ပြိုင်နိုင်တယ်ဆိုတာကတော့ အားရဖို့ကောင်းနေပါတယ်။

MediaTek MT6893 Chipset ဟာ High Performance Cortex-A78 Core ၄ လုံးပါဝင်မှာဖြစ်ပြီး အမြင့်ဆုံးအနေနဲ့ 3.0GHz အထိအမြန်နှုန်းရှိမှာဖြစ်ပါတယ်။ နောက်ထပ် Power Efficiency အတွက်ကတော့ 2.0GHz Cortex-A55 Core ၄ လုံးပါဝင်မယ်လို့ သိရပါတယ်။ GPU ပိုင်းအတွက်လည်း Mali-G77 MC9 GPU ကို ထည့်သွင်းထားမှာဖြစ်ပါတယ်။

Ref – GSM Arena