MediaTek ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလဝန်းကျင်က စတင်ပြီး Dimensity Series နာမည်နဲ့ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ 5G Chipset တွေကို ဆက်တိုက်မိတ်ဆက်နေခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် Dimensity 720 Chipset ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေဟာ စျေးအသက်သာဆုံး 5G ဖုန်းတွေဖြစ်နေသလို High End ဖုန်းတွေအတွက်လည်း Dimensity 1000+ လိုမျိုး Chipset တွေထုတ်လုပ်ထားတာဖြစ်ပါတယ်။

အခုလည်း MediaTek ကနေ လာမယ့်နှစ်အတွက် စွမ်းဆောင်ရည်မြင့်မားတဲ့ Chipset အသစ်ကို မိတ်ဆက်ဖို့ စီစဥ်နေပြီလို့ သိရပါတယ်။ အဆိုပါ Chipset အသစ်ရဲ့ Codename ကိုတော့ MT689X လို့ ပေးထားပြီးတော့ 6nm Architecture ကို အခြေခံလာမှာဖြစ်ပါတယ်။ ဒီ MediaTek Chipset အသစ်ဟာ Dimensity Series အောက်ကပဲ မိတ်ဆက်လာဖွယ်ရှိနေပါတယ်။

Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ရဲ့ ပြောကြားချက်အရတော့ အဆိုပါ MediaTek Chipset အသစ်ဟာ လက်ရှိ Exynox 1080 Chipset နဲ့ထုတ်လုပ်တဲ့ Architecture အတူတူပဲဖြစ်တယ်လို့ သိရပါတယ်။ GPU အနေနဲ့လည်း စွမ်းဆောင်ရည်ပိုကောင်းတဲ့ Mali G77 GPU ကို အသုံးပြုလာမှာဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ အဆိုပါ 6nm Architecture ကို အခြေခံထားတဲ့ MT689X Chipset ဟာ Antutu Benchmark မှာ ရမှတ် 600,000 ကျော်ရရှိထားတယ်လို့ သတင်းထွက်ပေါ်နေတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် လက်ရှိ Qualcomm Snapdragon 865 Chipset တွေထက်တောင် စွမ်းဆောင်ရည်ပိုမိုကောင်းမွန်ဖွယ်ရှိနေပါတယ်။

Digital Chat Station ကတော့ အဆိုပါ MT689X Chipset ကို အသုံးပြုထားတဲ့ စမတ်ဖုန်းတွေဟာ တရုတ်ယွမ်ငွေ ၂,၀၀၀ ဝန်းကျင် (မြန်မာငွေ ၄ သိန်းအောက်) နဲ့ ရောင်းချသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘယ်စမတ်ဖုန်းကုမ္ပဏီက ပထမဆုံးအနေနဲ့ ထုတ်လုပ်လာမလဲဆိုတာကိုတော့ မသိရှိရသေးပေမယ့် ဖြစ်နိုင်တာကတော့ Xiaomi နဲ့ realme လိုမျိုး ကုမ္ပဏီတွေက အစောဆုံးထုတ်လုပ်လာနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် လာမယ့်နှစ်မှာတော့ စျေးသက်သာပြီး Flagship အဆင့်ရှိတဲ့ စမတ်ဖုန်းတွေက အများအပြားထွက်ရှိလာမှာကတော့ ကျိန်းသေသလောက်ဖြစ်နေပါပြီ။

Ref – Gizmo China