Meizu ကုမ္ပဏီဟာ အခုဆိုရင် ကုမ္ပဏီသက်တမ်း ၁၅ နှစ်ပြည့်ပြီဖြစ်တဲ့ ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ အခုလိုမျိုး ကုမ္ပဏီရဲ့ ၁၅ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ Meizu ကနေ Meizu 15 နဲ့ 15 Plus ဆိုပြီး စမတ်ဖုန်းတွေကို ထုတ်သွားမယ်လို့ ပြောကြားထားခဲ့တာပဲဖြစ်ပါတယ်။
ဒါပေမယ့် အခုအချိန်မှာတော့ Meizu ရဲ့ ၁၅ နှစ်ပြည့်ဖုန်းတွေ ကြေငြာမယ့်အချိန်ကို တရားဝင်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ အခုထုတ်ပြန်ချက်အရ Meizu ရဲ့ 15 နဲ့ 15 Plus စမတ်ဖုန်းတွေဟာ လာမယ့် ဧပြီရယ်လ ၂၂ ရက်နေ့မှာ ထွက်ရှိလာမှာပဲဖြစ်ပါတယ်။
အခု Meizu 15 ဖုန်း Teaser ကို Meizu ရဲ့ ကိုယ်ပိုင် Weibo Website မှာတင်ထားတာဖြစ်တဲ့အပြင် Meizu ရဲ့ Head of Global Marketing ကလည်း အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။
Meizu 15. April 22.
— Ard Boudeling (@ArdCB) April 7, 2018
လက်ရှိသိရတဲ့သတင်းတွေအရတော့ Meizu 15 အပြင် Meizu 15 Plus နဲ့ Meizu 15 Lite ဆိုပြီး စုစုပေါင်း စမတ်ဖုန်း ၃ လုံးကို မိတ်ဆက်သွားမယ်လို့ သိရပြီးတော့ Meizu 15 နဲ့ 15 Plus ဖုန်းတွေဟာ ကုမ္ပဏီရဲ့ ပထဆုံး Screen အပြည့် Display ပါဝင်တဲ့ စမတ်ဖုန်းတွေဖြစ်လာမှာပဲဖြစ်ပါတယ်။