Meizu 17 စီးရီး ထွက်ရှိလာဖို့ တဖြည်းဖြည်းနဲ့ နီးကပ်လာပါပြီ။ မေလ ၈ ရက်နေ့မှာ မိတ်ဆက်လာမယ့် ဒီစီးရီးမှာ ရိုးရိုး Vanilla မော်ဒယ်နဲ့ Pro ဗားရှင်းတို့ပါဝင်လာမှာဖြစ်ကာ ယနေ့မှာတော့ ကုမ္ပဏီက ဒီဖုန်းနှစ်လုံးမှာ Snapdragon 865 ချစ်ပ်ဆက်နဲ့ UFS 3.1 Storage နည်းပညာတို့ အသုံးပြုလာမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။

တချိန်တည်းမှာပဲ Meizu ဟာ PANDAER-Family ကာတွန်းစီးရီးနဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Limited Edition Case တွေကိုလည်း ပြသခဲ့ပါတယ်။ ကာတွန်းစီးရီးရဲ့ ဒီဇိုင်းနဲ့ လေးမျိုးထွက်ရှိလာမှာဖြစ်ပြီး တစ်ခုနဲ့တစ်ခု စတိုင်လည်း ကွာခြားတာကို တွေ့ရမှာပါ။

Meizu 17 စီးရီးအတွက် သတင်းထွက်နေခဲ့တာကြာပြီဖြစ်ပြီး ဒီဖုန်းတွေမှာ 90Hz Refresh Rate နဲ့ Display, 5G ချိတ်ဆက်နိုင်စွမ်းနဲ့ 30W အားသွင်းစနစ်တို့ ပါမယ်ဆိုတာ သိထားပြီးသားပါ။ နောက်ဘက်မှာ Quad-camera အတွဲဖြစ်ပြီး ရှေ့မှာတော့ ဆဲလ်ဖီကင်မရာအတွက် Punch-hole စတိုင်ကို သုံးလာပါတယ်။

Ref – GSM Arena