တရုတ်စမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Meizu ဟာ ယခုနှစ်အစောပိုင်းမှာ Qualcomm Snapdragon 888 Chipset ကို အသုံးပြုလာမယ့် Flagship စမတ်ဖုန်းတွေကို မိတ်ဆက်ဖို့ရှိနေပါတယ်။ အဆိုပါ Flagship ဖုန်းတွေကို Meizu 18 Series လို့နာမည်ပေးထားပြီးတော့ လက်ရှိအချိန်မှာ တရုတ်နိုင်ငံရဲ့ 3C Certification ကိုရရှိနေပြီဖြစ်တဲ့အတွက် မိတ်ဆက်ဖို့နီးကပ်နေပြီလို့ ယူဆရပါတယ်။

Meizu 18 Series စမတ်ဖုန်းတွေမှာ Meizu 18 နဲ့ 18 Pro ဆိုပြီး ၂ မျိုးမိတ်ဆက်သွားမှာဖြစ်ပြီး Model Number တွေအနေနဲ့ M181Q နဲ့ M191Q လို့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။ Charging ပိုင်းမှာ Meizu 18 Series ဖုန်းတွေဟာ 30W နဲ့ 40W အထိ Support ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Battery Capacity အနေနဲ့ကတော့ Meizu 18 ဖုန်းမှာ 4000mAh နဲ့ Meizu 18 Pro ဖုန်းမှာ 4500mAh Battery တွေပါဝင်မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကတော့ Meizu 18 Series စမတ်ဖုန်းတွေမှာ Charging Adapter ကို ထည့်သွင်းရောင်းချမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီအတွက် Meizu 18 Series ဖုန်းတွေမှာလည်း လက်ရှိ iPhone 12 Series ၊ Xiaomi Mi 11 နဲ့ Samsung Galaxy S21 Series ဖုန်းတွေလိုမျိုးပဲ Charger ကို သီးသန့်ဝယ်ယူရဖွယ်ရှိနေပါတယ်။

Meizu 18 Series ဖုန်းတွေနဲ့ ပတ်သက်ပြီး သတင်းအတိအကျတော့ထွက်ရှိထားခြင်းမရှိသေးဘဲ 120Hz AMOLED Dispaly ၊ 5x Optical Zoom ပါဝင်တဲ့ Quad Camera Setup ပါဝင်လာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China