ဒီနေ့ခေတ်မှာ ဖုန်း ကုမ္ပဏီများစွာဟာ သူတို့ရဲ့ ဖုန်းတွေမှာ AI Branding ကို အသုံးပြုလာကြပါတယ်။ အဲဒီအထဲမှာ Meizu လည်း ပါပါတယ်။ တရုတ်မှာ Meizu 20 AI ကို ၁၉၀ ဒေါ်လာနဲ့ ရောင်းချပေးလိုက်ပါတယ်။ အဲဒီဖုန်းမှာ နေ့စဉ် အလုပ်တွေအတွက် လုံလောက်တဲ့ စွမ်းရည် ပါလာပြီး AI Feature တွေ ထည့်သွင်းထားပါတယ်။
အဲဒီဖုန်းအတွက် 6/128GB နဲ့ 8/128GB မော်ဒယ် ၂ မျိုးထုတ်လုပ်ထားပြီး ၁၉၀ ဒေါ်လာနဲ့ ၂၂၀ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ Moonlight White, Obsidian Black နဲ့ Luminous Purple အရောင် ၃ မျိုးထုတ်လုပ်ထားပါတယ်။
Meizu 20 AI မှာ UNISOC T765 Chipset မောင်းနှင်ထားပြီး 6.5” 90Hz Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 50MP Main ကင်မရာနဲ့ အရှေ့ဘက်မှာ 8MP ဆဲလ်ဖီး ကင်မရာ ပါလာပြီး 5,000mAh Battery ထည့်သွင်းထားပါတယ်။
Meizu 20 AI မှာ AI Feature များစွာ ပါလာပါတယ်။ AI နဲ့ ဓါတ်ပုံထုတ်တာ ၊ ပြင်တာတွေ ပြုလုပ်နိုင်ပြီး Message အတွက် စာပြန်ဖို့ AI က စာသားတွေ ထုတ်ပေးနိုင်ပါတယ်။ စာရိုက်နေစဉ်မှာလည်း AI က ကူညီပေးနိုင်ပြီး Phishing Message နဲ့ သံသယဖြစ်စရာ Phone Call ဝင်လာရင် AI က သတိပေးနိုင်ပါတယ်။
Ref : gizmochina