Meizu ဟာ နိုင်ငံတကာမှာ အောင်မြင်တဲ့ စမတ်ဖုန်း ကုမ္ပဏီ မဟုတ်တော့ပေမယ့် လုပ်ဆောင်ချက်များစွာ ပါတဲ့ စမတ်ဖုန်းတွေကြောင့် မိခင်နိုင်ငံ တရုတ်မှာ လူကြိုက်များပါတယ်။ ကုမ္ပဏီဟာ Snapdragon 8 Gen 2 Chipset ပါတဲ့ စွမ်းရည်မြင့် Meizu 20 ကို ဖန်တီးနေတယ်လို့ မကြာခင်က အတည်ပြုခဲ့ပါတယ်။ အခုတော့ အဲဒီဖုန်းရဲ့ Patent ဓါတ်ပုံတွေ ပေါက်ကြားလာပြီး ဒီဇိုင်းကို လေ့လာလို့ရလာပါတယ်။

Meizu 20 patent images

ဓါတ်ပုံတွေအရ Meizu 20 ရဲ့ အနောက်ဘက်ဟာ ပြားချပ်ပြီး ကင်မရာ ဆန်ဆာတွေ တပ်ဆင်ထားတဲ့ ငေါထွက်နေတဲ့ Rings ၄ ခု ပါပါတယ်။ ဘေးဘက်တွေက ပြားချပ်ကာ လေးထောင့်ကျတဲ့ ဒီဇိုင်း ဖြစ်ပြီး ညာဘက်ခြမ်းမှာ အသံနဲ့ ပါဝါခလုတ်တွေ တပ်ဆင်ထားပါတယ်။

အရှေ့ဘက် မျက်နှာပြင်ဟာ ပြားချပ်ပြီး အလယ်မှာ Punch Hole ၁ ခု ပါပါတယ်။ Meizu 20 ရဲ့ ဒီဇိုင်းက ပရီမီယမ်ဆန်ပြီး လေးထောင့်ကျတဲ့ ဒီဇိုင်းက ရှင်းလင်းသပ်ရပ်ပါတယ်။ အမိုက်ဆုံးက ဂြိုလ်တု ဆက်သွယ်ရေး ပါလာမယ်လို့ သတင်းထွက်နေတာပါ။

Meizu 20 ကို ဖန်တီးနေတဲ့ အကြောင်းကို ကုမ္ပဏီက Teaser Video ၁ ခုနဲ့ ပြီးခဲ့တဲ့ လက အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် ပိုမို စွမ်းရည်မြင့်တဲ့ Meizu 20 Pro ကိုလည်း ထုတ်လုပ်ရောင်းချမယ်လို့ သတင်းထွက်နေပါတယ်။

Meizu 20 Pro spotted: is he the new top of the range with Snapdragon 8 Gen 2? - GizChina.it

Meizu ဟာ စွမ်းရည်မြင့် စမတ်ဖုန်း မထုတ်လုပ်တာ အချိန်တော်တော်ကြာနေပြီ ဖြစ်ပြီး နောက်ဆုံးထုတ်တဲ့ စွမ်းရည်မြင့် ဖုန်းက Meizu 18 ဖြစ်ကာ ၂၀၂၁ ခုနှစ်က ရောင်းချခဲ့တာပါ။ အဲဒီဖုန်းမှာ Snapdragon 888 5G ပါလာပြီး Super AMOLED 120Hz မျက်နှာပြင် ပါပါတယ်။

Meizu 20 မှာ စွမ်းရည်မြင့် Processor နဲ့ အထင်ကြီးစရာ ကင်မရာတွေ ပါလာနိုင်ပြီး ကြေညာမယ့် နေ့ကို မကြာခင် ကုမ္ပဏီက ပြောကြားလာနိုင်ပါတယ်။

Ref : gizmochina