Meizu ဟာ Qualcomm Snapdragon 8 Gen 3 Chipset အသုံးပြုလာမယ့် Meizu 21 Series Flagship ဖုန်းတွေကို လာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ မိတ်ဆက်သွားဖို့ ကြေညာထားပြီးဖြစ်ပါတယ်။ အခုလည်း တရားဝင် မမိတ်ဆက်ရသေးခင်မှာ Meizu 21 ဖုန်းရဲ့ Specs တွေကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ပထမဆုံး Meizu ဘက်က တရားထုတ်ပြန်လိုက်တာက Meizu 21 ဖုန်းရဲ့ Display Specs ဖြစ်ပြီး 1.5K Resolution ရှိတဲ့ 6.55″ OLED Display ကို အသုံးပြုထားမှာဖြစ်ပါတယ်။ အဆိုပါ Display ဟာ SGS Low Blue Light Certification ရရှိထားသလို 1920Hz High Frequency PWM Dimming ကိုလည်း ထောက်ပံ့ပေးနိုင်မယ်လို့ သိရပါတယ်။ ဘေးဘောင်တွေကလည်း လေးဖက်စလုံးမှာ 1.74mm ပဲ အထူရှိမှာဖြစ်ပါတယ်။

နောက်ထပ် တရားဝင်အတည်ပြုလိုက်တဲ့သတင်းကတော့ Battery ပိုင်းမှာဖြစ်ပြီး Meizu 21 ဖုန်းဟာ 4800mAh Battery ကို အသုံးပြုထားမှာဖြစ်ပါတယ်။ အခုလိုမျိုး 4800mAh Battery ကို အသုံးပြုထားပေမယ့် ပါဝါစားသက်သာတဲ့ Display ၊ Qualcomm Snapdragon 8 Gen 3 Chipset နဲ့ Meizu ရဲ့ ကိုယ်ပိုင် OneMind 10.5 AI Engine တွေနဲ့ ပေါင်းစပ်လိုက်တဲ့အချိန်မှာ တခြား 5100mAh Battery သုံးထားတဲ့ဖုန်းထက်တောင် ပိုမို Battery ကြာရှည်ခံမယ်လို့ ပြောကြားထားပါတယ်။

Meizu ဘက်က ပြောကြားချက်အရ Battery Extreme Endurance Testing စမ်းသပ်မှုတစ်ခုမှာ Meizu 21 ဟာ ၈.၂ နာရီ အသုံးခံခဲ့ပြီး တစ်ဖက်က 5100mAh Battery ပါဝင်တဲ့ဖုန်းက ၇.၄ နာရီပဲ အသုံးခံခဲ့တယ်လို့ သိရပါတယ်။ အခုလို 4800mAh Battery ကို 80W Fast Charging နဲ့ တွဲဖက်ထားမှာဖြစ်ပါတယ်။

Ref – GSM Arena