Meizu က တရုတ်မှာ 17 Series နဲ့ Accessory များစွာကို ကြေညာလိုက်ပါတယ်။ Android 10 အခြေပြု Flyme 8.1 ကိုလည်း ချပြလိုက်ပြီး 17 Series ဖုန်း အသစ်တွေမှာ ထည့်သွင်းပေးထားပါတယ်။ Device အဟောင်း ၁၀ လုံးအတွက်လည်း Flyme 8.1 ကိုလည်း ဖြန့်ချိပေးမှာပါ။

Flyme 8.1 ဟာ အရင်နှစ်ထုတ် Flyme 8 ရဲ့ Update ဖြစ်ပြီး Android 9.0 Pie ကနေ Android 10 ကို အဆင့်မြှင့်ထားပါတယ်။ Version အသစ်မှာ Android Customization နဲ့ Optimization ၃၀၀ ကျော်ပါလာတယ်လို့ ကုမ္ပဏီက ပြောပြီး Aicy Voice Assistant ထည့်ထားပါတယ်။ AI နဲ့ Gaming Performance တွေ ပိုလန်းလာပါတယ်။

Flyme 8.1 မှာ OneMind 4.0 AI Engine အသစ် ထည့်ထားပြီး အရင်မျိုးဆက် OneMind 3.5 ထက် ၃၀ ရာခိုင်နှုန်း ပိုမြန်လာပါတယ်။ Software အသစ်မှာ Small Window Mode 2.1 ထည့်ထားပြီး တိုးတက်မှုတွေ ပါလာပါတယ်။ Meizu က ကတိပေးထားတဲ့အတိုင်း Stock Android 10 Dark Mode ထည့်ထားပါတယ်။

Flyme 8.1 ကို Meizu 17 နဲ့ 17 Pro မှာ ထည့်ပေးထားပြီး အောက်ပါ ဖုန်း ၁၀ လုံးအတွက် ဖြန့်ချိပေးမှာပါ။

  • Meizu 16T
  • Meizu 16S Pro
  • Meizu 16S
  • Meizu 16th
  • Meizu 16th Plus
  • Meizu 16Xs
  • Meizu Note 9
  • Meizu X8
  • Meizu Note 8
  • Meizu 16X

ဖြန့်ချိပေးမယ့် အချိန်ကို မသိရသေးပေမယ့် တရုတ်က စိတ်ဝင်စားတဲ့ Meizu User တွေဟာ မေလ ၁၅ ရက် မတိုင်ခင် စာရင်းပေးထားနိုင်ပါတယ်။

Ref : gizmochina