တရုတ်နိုင်ငံရှိ ထင်ရှားကျော်ကြားသည့် စမတ်ဖုန်းထုတ်လုပ်သူ Meizu သည် မလေးရှားတွင် သူ၏ နောက်ဆုံးထွက်ထုတ်ကုန်များကို မိတ်ဆက်ရန်ပြင်ဆင်နေပြီး ဤသည်မှာ ၎င်း၏ တစ်ကျော့ပြန် ရှင်သန်လာမှုလည်း ဖြစ်သည်။ အဆိုပါလုပ်ဆောင်မှုသည် Meizu ၏ ဆန်းသစ်တီထွင်မှုနှင့် အရည်အသွေးအတွက် အလေးထားဆောင်ရွက်နေမှုကို ဖော်ပြခြင်းလည်း ဖြစ်သည်။ Meizu သည် သူ၏ မလေးရှားခရီးစဉ်တွင် အစမှ ပြန်လည်ချဉ်းကပ်နိုင်ခဲ့ပြီး နည်းပညာကိုဝါသနာပါသူများ၊ သုံးစွဲသူများထံမှ အာရုံစိုက်မှုကို လျင်မြန်စွာ ရရှိခဲ့ပါသည်။ Meizu 21 ကို မလေးရှားဈေးကွက်၌ ပြီးခဲ့သည့် မတ်လအတွင်းက ဖြန့်ချိခဲ့ပြီးသည့်နောက် ကုမ္ပဏီသည် Meizu အမှတ်တံဆိပ်နှင့်အတူ Ecosystem ကို ပြန်လည်တည်ထောင်ရန်အတွက် တစ်နှစ်ပတ်လုံး ထုတ်ကုန်သစ်များကို မိတ်ဆက်ရန်လည်း စီစဉ်ထားပါသည်။ အဆိုပါ ချောမွေ့သောပေါင်းစပ်မှုက Meizu အနေဖြင့် သုံးစွဲသူများထံသို့ နောက်ဆုံးပေါ် နည်းပညာများနှင့် အသုံးပြုသူအတွေ့အကြုံကောင်းများကို ယူဆောင်လာပေးမည်ဖြစ်ကြောင်း ကတိကဝတ်ပြုနေခြင်းလည်း ဖြစ်ပါသည်။

Meizu 21: ချိတ်ဆက်မှုနှင့် စွမ်းဆောင်ရည်ကို ပြန်လည်ပြဋ္ဌာန်းခြင်း
စိတ်လှုပ်ရှားဖွယ်ရာများကို ဖန်တီးပေးသည့်အနေဖြင့် Meizu သည် ၎င်း၏ နောက်ဆုံးပေါ်တီထွင်ဆန်းသစ်ထားသော ထုတ်ကုန်များကို မိတ်ဆက်ခဲ့ရာ ဆန်းသစ်တီထွင်မှု၊ ယုံကြည်စိတ်ချရမှုနှင့် သုံးစွဲသူကို ဗဟိုပြုသည့် ဒီဇိုင်း စသည့် အမှတ်တံဆိပ်၏ တန်ဖိုးကိုလည်း ဖော်ပြုနိင်ခဲ့ပါသည်။ Lineup ကိုဦးဆောင်ထားသည့် Meizu 21 မှာ မော်ဒန်ခေတ်အတွက်ဖန်တီးထားခြင်းလည်း ဖြစ်သည်။ Meizu 21 သည် Snapdragon 8 Gen 3 ကို အသုံးပြုထားပြီး အလွန်ကျဉ်းမြောင်းသည့် ဘေးဘောင်များအဖြစ် 1.74mm သာရှိသည့်အပြင်၊ ထုတ်လုပ်မှုနယ်ပယ်တွင်း ပထမဆုံးဖြစ်သည့် All-white panel ကိုလည်း အသုံးပြုထားပါသည်။ ကြီးမားသော Flyme AI မော်ဒယ်အင်ဂျင်ကိုအသုံးပြုထားပြီး Flyme 10.5 ဖြင့် ချောမွေ့သော စွမ်းဆောင်ရည်ကို ရရှိစေမည် ဖြစ်ပါသည်။

Meizu 21 သည် Flyme Link မှတစ်ဆင့် Flyme Ecosystem ကို ချောမွေ့စွာနှင့် ပေါင်းစပ်ထားပါသည်။ စိုပြည်တောက်ပသော မြင်ကွင်းကြည်လင်မှုအတွက်လည်း Samsung ၏ ဖန်သားပြင်ကို အသုံးပြုထားပြီး mEngine Ultra ဖြင့် အနုစိတ်လှသော Haptic တုံ့ပြန်မှုကိုလည်း ပေးစွမ်းနိုင်ပါသည်။ စတီရီယိုစပီကာ နှစ်လုံးဖြည့်သွင်းထားပြီး Ultrasonic mTouch 2.0 under-display fingerprint sensor ကလည်း လုံခြုံသော Lock စနစ်ကို ပေးအပ်ထားပါသည်။ 80W SuperCharge နှင့် 4800mAh ဘက်ထရီကြောင့် Meizu 21 သည် တစ်နေ့တာလုံး အသုံးပြုနိင်ပြီး ကောင်းမွန်သောစွမ်းဆောင်ရည်နှင့် ပြောင်မြောက်သော အလှတရားများကို ပေးအပ်နေပါသည်။

FlymeOS နှင့် အသုံးပြုသူကြား အပြန်အလှန်တုံ့ပြန်မှု
Meizu ဟာ သူ့ရဲ့ Operation System FlymeOS ကိုလည်း ပိုပြီးအဆင့်မြှင့်တင်လာပါသည်။ အဆင့်မြင့် AI စွမ်းရည်များဖြင့် မြှင့်တင်ထားသည့် FlymeOS သည် သုံးစွဲသူများအား ချောမွေ့သော၊ ထိတွေ့ကိုင်တွယ်မှု အတွေ့အကြုံကို ရရှိစေပါသည်။ AI Gallery ကဲ့သို့သော အဆင့်မြင့်စွမ်းဆောင်ရည်များပါဝင်သည့် FlymeOS သည် Natural Language image search နဲ့ ဆန်းသစ်တီထွင်နိုင်တဲ့ Tools တွေကိုလည်း ထည့်သွင်းထားပါသည်။ AI Portal နှင့် AI-Assisted Input ကဲ့သို့သော Feature အသစ်များသည် AI ကို နေ့စဉ်အသုံးပြုမှုတွင် ချောမွေ့စွာပေါင်းစပ်ထားသော အပြန်အလှန် တုံ့ပြန်မှုများကို ဖြစ်ပေါ်စေပါသည်။

ကားတွင်းချိတ်ဆက်မှုတွင် ပိုမိုအဆင့်မြင့်လာသော Flyme Auto
Meizu ၏ Flyme Auto သည် Meizu နှင့် Geely Auto တို့အကြား နက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်မှုမှ ထွက်ပေါ်လာသော အဆင့်မြင့် intelligent cockpit system ကို ကိုယ်စားပြုပါသည်။ အသုံးပြုသူများ ခရီးသွားနေစဉ်အတွင်း အပြန်အလှန်အကျိုးပြုမှုကို မြှင့်တင်ပေးတဲ့ Smart System တစ်ခုကို မိတ်ဆက်ပေးလာခြင်းလည်း ဖြစ်ပါသည်။
Flyme Link မှတစ်ဆင့် စမတ်ဖုန်းများနှင့် မော်တော်ယာဉ်များကို ချောမွေ့စွာပေါင်းစပ်ထားသောကြောင့် Flyme Auto သည် လွယ်ကူစွာ သော့ဖွင့်ခြင်း၊ လမ်းညွှန်ခြင်း၊ Cross-platform application အသုံးပြုခြင်း စသည်တို့ပါဝင်သည့် စမတ်ဖုန်းနှင့် ကားပေါင်းစပ်ထားခြင်း အတွေ့အကြုံကောင်းကို ရရှိစေပါသည်။
တိုးမြှင့်ထားသော Chip စွမ်းဆောင်ရည်နှင့် လျင်မြန်သော စနစ်တုံ့ပြန်မှုတို့ဖြင့် Flyme Auto သည် သုံးစွဲသူများ၊ ရှုခင်းများနှင့် မော်တော်ယာဉ်များကြားတွင် နောက်ဆုံးပေါ်နည်းပညာဖြင့် နက်ရှိုင်းသော ချိတ်ဆက်မှုကို မြှင့်တင်ပေးကာ သက်သောင့်သက်သာဖြစ်စေရန် ပေါင်းစပ်ထားပါသည်။

DreamSmart ဖြင့် ချောမွေ့သော ချိတ်ဆက်မှုကို ဖန်တီးခြင်း
DreamSmart ecosystem ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် Meizu သည် သုံးစွဲသူများအား Smart device အမျိုုးမျိုးအား ချောမွေ့သည့် အပြန်အလှန်ချိတ်ဆက်မှုအတွေ့အကြုံကို ပေးအပ်နိုင်ပါသည်။ စမတ်ဖုန်းများ၊ AR Glass များနှင့် စမတ်ကားများကဲ့သို့သော Smart terminals လုပ်ငန်းများတွင် ဦးဆောင်နေသည့် DreamSmart သည် ဆန်းသစ်သော FlymeOS ecosystem ဖြင့် ချောမွေ့စွာ ပေါင်းစည်းထားပါသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် ဉာဏ်ရည်ထက်မြက်သော ချိတ်ဆက်မှုခေတ်သစ်ကို ပေါ်လွင်စေရုံမျှမက၊ သုံးစွဲသူများအတွက် ဒီဂျစ်တယ်အတွေ့အကြုံများမြှင့်တင်ရန် Meizu ၏ ကတိကဝတ်ကို ကိုယ်စားပြုနေပါသည်။

MYVU: Trailblazing Wearable နည်းပညာ
ဂေဟစနစ်အတွင်း ၎င်း၏ခြေရာကို ချဲ့ထွင်ခြင်းအားဖြင့် DreamSmart သည် MYVU ဖြင့် Wearable နည်းပညာတွင် ဆန်းသစ်တီထွင်ခြင်းကို ဦးဆောင်လျက်ရှိပါသည်။ ထုတ်လုပ်မှုနယ်ပယ်အတွင်း တီထွင်ဆန်းသစ်မှုဖြစ်သည့် MYVU သည် သုံးစွဲသူများအား ပြိုင်ဘက်ကင်းသော AR အတွေ့အကြုံကိုပေးအပ်သည့် အပေါ့ပါးဆုံး Dual-display Full-color AR Smart အဖြစ် ထွက်ပေါ်လာပါသည်။ MYVU သည် ကုန်ထုတ်စွမ်းအားကို မြှင့်တင်ပေးရုံသာမက သုံးစွဲသူများ၏ သက်သောင့်သက်သာရှိမှုကို မြှင့်တင်ပေးသည့် Wearable နည်းပညာအတွက် စံနှုန်းအသစ်တစ်ခုကို သတ်မှတ်ပေးပါသည်။

AI ကို ပွေ့ဖက်ခြင်း။ DreamSmart ၏ “All in AI” မဟာဗျူဟာ စီမံချက်
DreamSmart ၏ AI တွင် စူးစိုက်မြှုပ်နှံခြင်း အဓိကအချက်မှာ ၎င်း၏ “All in AI” ဗျူဟာမြောက် အစီအစဉ် ဖြစ်ပါသည်။ AI devices များ၏ ဖွံ့ဖြိုးတိုးတက်မှု၊ Flyme လည်ပတ်မှုစနစ်ကို ပြန်လည်ဒီဇိုင်းထုတ်ခြင်းနှင့် AI ecosystem ဖန်တီးခြင်းတို့ ပါဝင်ပါသည်။ AI devices များတွင် AI မောင်းနှင်သော ဒီဇိုင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ဟာ့ဒ်ဝဲတွက်ချက်မှုစွမ်းရည်များပါဝင်ပြီး သုံးစွဲသူများအား ပိုမိုထက်မြက်ပြီး ဆန်းသစ်သော အတွေ့ကြုံများကို ပေးအပ်နိုင်ပါသည်။ ပြန်လည်ဒီဇိုင်းထုတ်ထားသော FlymeOS သည် သုံးစွဲသူများ၏ အပြန်အလှန်ဆက်သွယ်မှုကို မြှင့်တင်ရန်အတွက် AI နည်းပညာဖြင့် ကျယ်ပြန့်စွာပေါင်းစပ်ပေးမည် ဖြစ်ပါသည်။ ထို့အပြင် DreamSmart သည် ဆန်းသစ်တီထွင်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်အတွက် OpenAI အပါအဝင် နိုင်ငံတကာ AI အဖွဲ့များနှင့်လည်း ပူးပေါင်းဆောင်ရွက်ရန် ရည်မှန်းထားပါသည်။ DreamSmart သည် “All in AI” vision ကို ထောက်ပံ့ပေးပြီး အဆိုပါအမြင်ကိုလည်း တဖြည်းဖြည်းချင်း အကောင်အထည်ဖော်မည်ဖြစ်သည်။ ထိုသို့ AI ခေတ်အတွက် အခြေခံအဆောက်အဦများတည်ဆောက်ရန် အတွက် AI မောင်းနှင်သော မိုလ်ဘိုင်းလည်ပတ်မှုစနစ်ကို ၂၀၂၄ ခုနှစ်တွင် စတင်မိတ်ဆက်ခြင်းဖြင့် စတင်ခဲ့ပါသည်။

User-Device အပြန်အလှန်တုံ့ပြန်မှုအား DreamSmart ဖြင့် တော်လှန်ခြင်း
DreamSmart Group သည် စမတ်ဖုန်းများ၊ AR Glassများနှင့် FlymeOS ecosystem အတွင်း စမတ်ကားများ၏ ဟာ့ဒ်ဝဲနှင့် ဆော့ဖ်ဝဲလ်များကို ချောမွေ့စွာပေါင်းစပ်ထားသည့် Smart devise များအတွက် ပြည့်စုံသော ပလက်ဖောင်းတစ်ခုအဖြစ် ရပ်တည်လျက် ရှိပါသည်။ ဤပေါင်းစပ်မှုသည် စက်မှုလုပ်ငန်းကို “အသိဉာဏ်နှင့် ဂေဟစနစ် 3.0” ခေတ်ဆီသို ဦးတည်စေပြီး အသုံးပြုသူ−စက်ပစ္စည်း အပြန်အလှန်တုံ့ပြန်မှုကိုလည်း တော်လှန်ပါသည်။ စမတ်ဖုန်းများနှင့် စမတ်ကားများအပြင် DreamSmart ၏ ဆန်းသစ်တီထွင်မှုအပေါ် စူးစိုက်မြှုပ်နှံခြင်းသည် Smart eyeware နှင့် IoT devices များသို့ တိုးချဲ့ပေးထားပြီး သုံးစွဲသူများအား ၎င်းတို့၏ နည်းပညာဆိုင်ရာ အတွေ့အကြုံများကို ကြွယ်ဝစေမည့် Smart solution များကို ပေးဆောင်လျက် ရှိပါသည်။

Expanding Horizons: ဆန်းသစ်တီထွင်မှုအတွက် DreamSmart ၏ ကတိကဝတ်
DreamSmart ၏ ဗျူဟာမြောက် ပမာဏခြေလှမ်းဖြစ်သည့် “Smartphone + XR + Smart Car” သည် လူသုံးအီလက်ထရွန်းနစ်နှင့် မော်တော်ယာဉ်လုပ်ငန်းများ ပေါင်းစပ်ခြင်းဖြင့် ဆန်းသစ်တီထွင်မှုဆီသို့ ၎င်း၏ ကတိကဝတ်ကို အလေးပေးဖော်ပြခြင်းပင် ဖြစ်သည်။ ဤအစပျိုးမှုသည် သုံးစွဲသူများအား စမတ်ကျသော ရွေ့လျားမှုနည်းပညာများ၏ ကမ္ဘာလုံးဆိုင်ရာ ဂေဟစနစ်ကို ထူထောင်ကာ စက်မျိုးစုံနှင့် အနာဂတ်ဖြစ်နိုင်ခြေများအားလုံးတွင် ချောမွေ့မှုများလွှမ်းခြုံသည့် အတွေ့အကြုံများကို ပေးအပ်ရန် ရည်ရွယ်ပါသည်။၂၁ နှစ်ကြာ သမိုင်းကြောင်းနှင့် သစ္စာရှိလှသော အားပေးသူ သန်း ၃၀ ကျော်နှင့်အတူ DreamSmart Group လက်အောက်ရှိ Meizu အမှတ်တံဆိပ်သည် ၎င်း၏ထုတ်ကုန်များတွင် ထူးထူးခြားခြားဒီဇိုင်းများဖြင့် နောက်ဆုံးပေါ်နည်းပညာများကို ပေါင်းစပ်ခြင်းဖြင့် ဆန်းသစ်တီထွင်လျက် ရှိပါသည်။

Meizu သည် ဆန်းသစ်တီထွင်မှုနှင့် ချိတ်ဆက်မှုကို ဆက်လက်ကာ အဓိပ္ပါယ်ဖော်ဆောင်နေသောကြောင့် သုံးစွဲသူများအနေဖြင့် အမှတ်တံဆိပ်ထံမှ အကောင်းဆုံးထက်မနည်းသောအရာများကို မျှော်လင့်နိုင်မည် ဖြစ်ပါသည်။ မယိမ်းမယိုင်သော ကတိကဝတ်များနှင့်အတူ အကန့်အသတ်များကို တွန်းအားပေးနေပြီး ထူးခြားသောထုတ်ကုန်များကို ပေးပို့ရန်အတွက် Meizu သည် နည်းပညာတော်လှန်ရေး၏ ရှေ့တန်းတွင် ရှိနေမည် ဖြစ်ပါသည်။

အဆင့်မြင့် မိုလ်ဘိုင်းစွမ်းရည်များ၊ နောက်ဆုံးပေါ်ဒီဇိုင်းများ ပါရှိသည့် Meizu Smartphone ကို သယ်ဆောင်လာမည့်မိတ်ဆက်ပွဲများအတွက် စိတ်လှုပ်ရှားဖွယ်ရာ တည်ဆောက်နေပါသည်။ ၎င်းနှင့်အတူ မကြာမီရောက်ရှိလာတော့မည့် MYVU AR Smart Glasses များသည် Apple Watch နှင့် ဆန်းသစ်သော AI လုပ်ဆောင်ချက်များကို ချောမွေ့စွာပေါင်းစပ်ပေးထားပြီး မကြာမီ မလေးရှားဈေးကွက်သို့ ဝင်ရောက်လာတော့မည် ဖြစ်ပါသည်။ ဆန်းသစ်တီထွင်မှုကို ပြန်လည်ဖော်ဆောင်ပြီး မကြုံစဖူးသော မြင့်မားမှုများအထိ နေ့စဉ်အပြန်အလှန်ဆက်သွယ်မှုများကို မြှင့်တင်ပေးသည့် အတွေ့အကြုံများကို စောင့်မျှော်နေရန် ပန်ကြားလိုက်ပါသည်။

Media release: Meizu