Meizu က Lucky 08 စမတ်ဖုန်းကို ကြေညာလိုက်ပြီး AI ကို အသားပေးထားပါတယ်။ Meizu Flyme AIOS မောင်းနှင်ထားပြီး အလိုအလျှောက် ဖုန်းဖြေတာ ကနေ ဖုန်း Call တွေကို အကျဉ်းချုပ်ပေးတာနဲ့ AI စွမ်းရည်သုံး ဈေးဝယ် လက်ထောက်အထိ AI Feature များစွာ ထည့်သွင်းထားပါတယ်။
AI Assistant ပါလာပြီး ရှာဖွေမှုတွေကို ဖြေဆိုပေးတာ၊ စာရွက်စာတမ်းတွေကို ခွဲခြမ်းစိတ်ဖြာပေးတာ၊ Voice Recording ကို အကျဉ်းချုပ်ပေးတာတွေ ပြုလုပ်ပေးနိုင်ပါတယ်။ ပါဝါခလုတ်ကို နှိပ်ကာ AI ကို လျှင်မြန်စွာ ဆင့်ခေါ်နိုင်အောင် ပြုလုပ်ထားပါတယ်။
ကျန်တဲ့ Specs တွေက စွမ်းရည်သင့်နဲ့ စွမ်းရည်မြင့် အစိတ်အပိုင်းတွေ ရောထွေးနေပါတယ်။ 6.78” LTPO AMOLED FHD+ Display တပ်ဆင်ထားပြီး 144Hz Refresh Rate, 1600 Nits Peak Brightness ထောက်ပံ့ထားပါတယ်။
Snapdragon 7s Gen 2 Chipset တပ်ဆင်ထားပြီး 8/12GB RAM နဲ့ 256/512GB Storage ပါပါတယ်။ အနောက်ဘက်မှာ 108MP Main , 2MP Macro ကင်မရာ ၂ လုံး ထည့်သွင်းထားပြီး 33W Charging ထောက်ပံ့တဲ့ 6,000mAh Battery ပါပါတယ်။
Star White နဲ့ Meteorite Black အရောင်တွေ ထုတ်လုပ်ထားပြီး 8/256GB ကို ၂၃၀ ဒေါ်လာနဲ့ 12/512GB ကို ၃၀၀ ဒေါ်လာ သတ်မှတ်ထားပါတယ်။
Ref : gsmarena