Meizu ဟာ အခုနောက်ပိုင်းမှာ စမတ်ဖုန်းစျေးကွက်ကနေ ပျောက်ကွယ်သလောက်ဖြစ်သွားတာ အချိန်အတော်ကြာနေပြီဖြစ်ပါတယ်။ စမတ်ဖုန်းအနည်းငယ်ကို တရုတ်နိုင်ငံအတွင်းမှာ ဆက်လက်မိတ်ဆက်ရောင်းချနေဆဲဖြစ်ပေမယ့် Flagship ဖုန်းစျေးကွက်အတွင်းမှာတော့ Meizu ဟာ တခြားသော တရုတ်စမတ်ဖုန်းကုမ္ပဏီတွေနဲ့ နှိုင်းယှဥ်မယ်ဆိုရင် ပြိုင်ဆိုင်နိုင်စွမ်းနည်းပါးနေတယ်လို့ ပြောနိုင်ပါတယ်။

အခုအချိန်မှာတော့ Meizu ကနေ Flagship ဖုန်းစျေးကွက်ကို Meizu 20 စမတ်ဖုန်းနဲ့ ပြန်လည်ဝင်ရောက်လာတော့မယ်ဆိုပြီး တရားဝင်ပြောကြားလိုက်ပါတယ်။ Meizu ရဲ့ ပြောကြားချက်အရ Meizu 20 ဖုန်းကို ၂၀၂၃ ခုနှစ်အစောပိုင်းမှာ တရားဝင်မိတ်ဆက်သွားမှာဖြစ်ပြီး လက်ရှိအချိန်မှာ အမြောက်အများထုတ်လုပ်နေပြီလို့ သိရပါတယ်။

ဒါပေမယ့်လည်း Meizu 20 ဖုန်းမှာ ဘယ်လိုမျိုး Feature အသစ်တွေပါဝင်လာမလဲဆိုတာကိုတော့ အတိအကျပြောကြားခဲ့ခြင်းမရှိသလို Meizu 20 ဖုန်းတစ်မျိုးပဲ မိတ်ဆက်သွားမလား၊ Meizu 20 Pro လိုမျိုး ဖုန်းတွေကိုပါ Series အနေနဲ့ မိတ်ဆက်မလားဆိုတာကို အတည်ပြုပေးခဲ့ခြင်းမရှိပါသေးပါဘူး။ ထွက်ရှိလာတဲ့ Teaser Video အရတော့ Meizu 20 ဖုန်းဟာ ကင်မရာပိုင်းကို ဦးစားပေးလာနိုင်ပါတယ်။

 

ဘာပဲဖြစ်ဖြစ် Meizu 20 စမတ်ဖုန်းဟာ Qualcomm Snapdragon 8 Gen 2 Chipset ကို အသုံးပြုလာဖို့ကတော့ သေချာနေပြီး Meizu ရဲ့ ထုံးစံအတိုင်း ကိုယ်ပိုင် Feature အသစ်အဆန်းတွေကိုလည်း မြင်တွေ့ရဖွယ်ရှိနေပါတယ်။

Ref – Gizmo China