ပြီးခဲ့တဲ့ ဇွန်လပိုင်းတုန်းက Meizu ကနေ ကုမ္ပဏီအတွက် ပထမဆုံးသော Smartwatch ကို မိတ်ဆက်သွားဖို့ရှိနေတယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။ အခုအချိန်မှာ ၂၀၂၀ ခုနှစ် ကုန်ဆုံးတော့မှာဖြစ်ပြီး Meizu ကနေ အဆိုပါ Smartwatch နဲ့ပတ်သက်ပြီး Teaser တွေကို စတင်ထုတ်ပြနေပြီလို့ သိရပါတယ်။

အခုလည်း နာမည်ကြီး Chinese Leakster တစ်ဦးဖြစ်တဲ့ Digital Chat Station ကနေ လက်ရှိအချိန်မှာ Meizu Watch လို့နာမည်ပေးထားတဲ့ Smartwatch ဟာ ထုတ်လုပ်မှုတွေကို စတင်နေပြီဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီအတွက် ယခုနှစ်မကုန်ခင်မှာတင် တရားဝင်မိတ်ဆက်ရောင်းချသွားဖွယ်ရှိနေပါတယ်။

Meizu Watch ဟာ Battery ပိုင်းအနေနဲ့ 420mAh Battery ပါဝင်မှာဖြစ်ပြီး Software ပိုင်းမှာလည်း ကုမ္ပဏီရဲ့ ကိုယ်ပိုင် Flyme For Watch OS ကို အသုံးပြုလာမယ်လို့ သိရပါတယ်။ အဆိုပါ Flyme For Watch OS ဟာ Google WearOS ကိုပဲ အခြေခံထားနိုင်သလို ကိုယ်ပိုင် OS လည်း ဖြစ်လာနိုင်ပါတယ်။ Design ပိုင်းအနေနဲ့ကတော့ လေးထောင့်ပုံစံဖြစ်မယ်ဆိုတာကလွဲပြီး တခြားသိရှိရခြင်းမရှိသေးပါဘူး။

Meizu ကနေ၂၀၁၆ ခုနှစ်တုန်းက Meizu MIX Hybrid Smartwatch ကို မိတ်ဆက်ခဲ့ဖူးပေမယ့် Hybrid Design ဖြစ်တဲ့အတွက် အခု Meizu Watch က ပထမဆုံး Smartwatch ဖြစ်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Meizu အနေနဲ့ နောက်ထပ် ပထမဆုံးသော TWS Earbuds ကိုလည်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အဆိုပါ TWS Earbuds အသစ်မှာဆိုရင် Active-Noise Cancelling (ANC) Feature ပါ ပါဝင်လာမှာဖြစ်ပြီး Meizu ကနေ ထုတ်လုပ်တာဖြစ်တဲ့အတွက် Audio Quality ပိုင်းမှာလည်း တော်တော်လေးကို ကောင်းမွန်နိုင်ပါတယ်။

Ref – Gizmo China