Meizu က Foldable စမတ်ဖုန်း ဈေးကွက်ထဲကို ဝင်ရောက်ဖို့ ကြိုးစားနေပါတယ်။ နာမည်ကြီး Tipster “Smart Pikachu” က ဝီဘိုမှာ Meizu ဟာ ပထမဆုံး Foldable စမတ်ဖုန်းကို ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်မှာ ရောင်းချနိုင်တယ်လို့ ပြောပါတယ်။

Meizu Foldable Smartphone Leak

Meizu ဟာ Foldable စမတ်ဖုန်း ထုတ်လုပ်ရောင်းချမယ့် သတင်းက ထွက်နေတာ တော်တော်ကြာပါပြီ။ ဒါပေမယ့် Foldable မျက်နှာပြင် နည်းပညာဟာ ရှုပ်ထွေးတဲ့အတွက် ကုမ္ပဏီဟာ ၂၀၂၃ ခုနှစ်မှာ ထုတ်လုပ်ရောင်းချနိုင်ခြင်း မရှိခဲ့ပါဘူး။

Xiaomi_Mix_Fold_Teaser

Meizu ရဲ့ Foldable စမတ်ဖုန်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များများစားစား မသိရသေးပေမယ့် စာအုပ်စတိုင် ဖြစ်ပြီး ၈ လက်မ မျက်နှာပြင် ပါလာမယ်လို့ သိရပါတယ်။ အလုပ်လုပ်ဖို့ အသားပေး ဒီဇိုင်းထုတ်ထားမှာ ဖြစ်ပါတယ်။ Meizu ဟာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ Foldable စမတ်ဖုန်း ဈေးကွက်မှာ နေရာရလာမလားဆိုတာ စောင့်ကြည့်ရမှာပါ။

Meizu ဟာ Meizu 21 Pro ကိုလည်း ဖန်တီးနေပြီး တရုတ်ရဲ့ စက်မှုလက်မှုနဲ့ သတင်းအချက်အလက် နည်းပညာဌာန (MIIT) မှာ မှတ်ပုံတင်ထားပါတယ်။ အဲဒီဖုန်းရဲ့ Specs အသေးစိတ်ကို မသိရသေးပေမယ့် Snapdragon 8 Gen 3 Chipset ၊ ကြီးမားတဲ့ 2K Resolution Display ၊ ကြီးမားတဲ့ Battery (5,020mAh ) နဲ့ 80W Wired , 50W Wireless Charging ပါလာနိုင်ပါတယ်။ အဲဒီဖုန်းကို ဒီလထဲမှာ ကြေညာနိုင်ပါတယ်။

Ref : gizmochina