NFTs or Non-fungible Token နယ်ပယ်ထဲ ဝင်ရောက်လာတဲ့ နောက်ဆုံး Celebrity ၁ ယောက်က အမေရိကန် သမ္မတဟောင်းရဲ့ ဇနီး Melania Trump ဖြစ်ပါတယ်။ သူမရဲ့ ပထမဆုံး NFTs ကို Melania’s Vision လို့ နာမည်ပေးထားပြီး ရေဆေးပန်းချီတွေ ပါဝင်ပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်း Solana Blockchain ရဲ့ Cryptocurrency ၁ မျိုး ဖြစ်တဲ့ SOL ၁ ယူနစ်နဲ့ ရောင်းချမှာ ဖြစ်ပါတယ်။ လက်ရှိပေါက်ဈေးအရ SOL ၁ ယူနစ်ဟာ ၁၈၇ ဒေါ်လာနဲ့ ညီမျှပါတယ်။

Melania Trump

ဒစ်ဂျစ်တယ် Collectible တွေဟာ အရမ်းကို ရေပန်းစားလာတဲ့အတွက် Melania Trump ဟာ အဲဒီ နယ်ပယ်ထဲကို ဝင်ရောက်လာတာ ဖြစ်ပါတယ်။ Justin Bieber နဲ့ K-Pop အဖွဲ့ BTS တို့ကလည်း NFTs နယ်ပယ်ထဲ ဝင်ရောက်ထားပြီးပါပြီ။ Lindsay Lohan ကလည်း လွန်ခဲ့တဲ့ လအနည်းငယ်က NFTs တွေ ရောင်းချခဲ့ပါတယ်။

CryptoPunks နဲ့ Bored Ape Yacht Club တို့လို NFTs တွေဟာ ဒေါ်လာ သန်းဂဏန်းနဲ့ချီကာ အရောင်းအဝယ် ဖြစ်နေကြပါတယ်။ အဲဒီ NFTs တွေရဲ့ တန်ဖိုးတွေဟာလည်း အချိန်နဲ့အမျှ မြင့်မားနေကြပါတယ်။

Melania Trump က NFTs ရောင်းချရတဲ့ ငွေတွေနဲ့ အမေရိကန် ကလေးတွေ ကွန်ပြူတာ သိပ္ပံပညာရပ်တွေ လေ့လာသင်ကြားရာမှာ အကူအညီပေးမယ်လို့ ပြောပါတယ်။ သူမရဲ့ NFTs ထဲမှာ ပန်းချီတွေအပြင် အသံဖိုင်တွေလည်း ပါဝင်ပါတယ်။ သူမဟာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ NFTs အသစ်တွေကို ရောင်းချဖို့ စီစဉ်ထားပါတယ်။

Ref : Bloomberg