Nest Hub နောက်မှာတော့ Google Photos ရဲ့ Memories carousel ကို Web ပေါ်မှာပါ အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ Android နဲ့ iOS apps တွေလိုပဲ Carousel ဟာ ကာလအလိုက်ဖြစ်စဉ်တွေကို ဖော်ပြတဲ့ Chronological grid မှာ ရုပ်ပုံတွေနဲ့ ဗီဒီယိုတွေကို ဖော်ပြလာမယ်လို့ သိရပါတယ်။

Google Photos ဟာ Desktop ရဲ့ ကျယ်ပြန့်တဲ့ မျက်နှာပြင်အနေအထားကို အားသာချက်အဖြစ်ရယူပြီး Portrait ကနေ Landscape ကတ်ဒီဇိုင်းတွေအဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။ Fullscreen interface ဟာ ထောင့်မှန်စတုဂံပုံစံဒီဇိုင်းရှိမှာပါ။ မြင်သာအောင်ပြောရရင် 16:9 ထက်စာရင် 4:3 နဲ့ပိုပြီး နီးစပ်ပါလိမ့်မယ်။ ဒါကြောင့် Display တစ်ခုလုံးကို နေရာမယူတဲ့အပြင် Portrait တွေကိုလည်း ဘယ်နဲ့ညာဘက်တွေမှာ ဘောင်တွေနဲ့အတူ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

နေ့စွဲ/ရက်စွဲကို ဘယ်ဘက်အပေါ်ဆုံးမှာ မှတ်သားထားပြီး၊ Print ထုတ်ဖို့၊ ကြယ်ပွင့်ပြအမှတ်အသားနဲ့ မျှဝေဖို့အတွက် Shortcuts တွေကိုလည်း တွေ့မြင်နိုင်ပါတယ်။ အခြား Memories တွေကိုတော့ ညာဘက်အစွန်းမှာပြသထားပြီး အဲဒီနေရာမှာ အပြင်ပြန်ထွက်ဖို့ Close button ကိုလည်းတွေ့မြင်နိုင်ပါတယ်။ ဒီ Feature ဟာ အသုံးပြုသူစိတ်ကြိုက်လည်း ပြုပြင်နိုင်ပါသေးတယ်။

Customized ပြုလုပ်ရာမှာ (Previous years, Recent highlights, Themed memories) စတာတွေကို စိတ်ကြိုက်ပြင်ဆင်နိုင်သလို လုံးဝကိုပိတ်ထားမယ်ဆိုရင်လည်း ပိတ်ထားနိုင်မှာ ဖြစ်ပါတယ်။ Google အနေနဲ့ ဒီ Memories အတွက် Desktop carousel ဒီဇိုင်းကို Android နဲ့ iOS tablet တွေ၊ Chromebooks တွေဆီလည်း ယူဆောင်သွားသင့်ပါတယ်။

Google Photos Memories ကို Web ပေါ်မှာ အောက်တိုဘာလရဲ့ တတိယရက်သတ္တပတ်ထဲမှာပဲ စတင်ရရှိမယ်လို့ သိရပါတယ်။ Carousel ကတော့ ပလက်ဖောင်းတိုင်းမှာ အပြည့်အဝဖြန့်ချိနေပြီလည်း ဖြစ်ပါတယ်။

Ref: 9To5Google