ဒီနှစ် German International Automobile and Smart Mobility Expo (IAA MOBILITY 2023) မှာ Mercedes-Benz က နည်းပညာမြင့် လျှပ်စစ်ကား အသစ် ၁ စီးကို ပြသလိုက်ပါတယ်။ လှပတဲ့ အတွင်းပိုင်း ဒီဇိုင်းတွေ ပါလာသလို နောက်မျိုးဆက် ဆက်သွယ်ရေး နည်းပညာ ပါလာပါတယ်။

Mercedes Benz

SUV ကား ဖြစ်ပြီး စီးနင်းသူတွေအတွက် ကျယ်ဝန်းတဲ့ နေရာတွေ ထည့်သွင်းထားပါတယ်။ နည်းပညာအကြောင်းပြောရရင် 4MATIC Four-wheel Drive နဲ့ AIRMATIC Air Suspension ထောက်ပံ့ထားပြီး ရှင်းရှင်းပြောရရင် အဲဒီကားဟာ လမ်း အခြေအနေ အားလုံးမှာ စီးနင်းသူတွေ သက်တောင့်သက်သာရှိအောင် ပြုလုပ်ပေးနိုင်ပါတယ်။

MBUX Super Screen က Dashboard ကို User-friendly ဖြစ်စေတဲ့ Interface အဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ တတိယမျိုးဆက် MBUX ဉာဏ်ရည်မြင့် Human-Computer Interaction စနစ်ထည့်သွင်းထားပြီး 5G ဆက်သွယ်ရေး Module ပါလာပါတယ်။ Third-party Apps များစွာ ထောက်ပံ့ထားပြီး ခရီးအဝေးကြီးသွားတဲ့အခါ Motion Sickness Relief Mode ကို သုံးနိုင်ပါတယ်။

Mercedes-Benz's E-Class All-Terrain Sedan Unveiled - TechGoing

စမတ် ဒစ်ဂျစ်တယ် သော့စနစ် ပါတဲ့အတွက် iPhone  , Apple Watch ကနေ ကားကို Unlock လုပ်တာ၊ စက်နှိုးတာတွေ လုပ်နိုင်ပါတယ်။ မိသားစုနဲ့ သူငယ်ချင်းတွေအတွက် ဒစ်ဂျစ်တယ် သော့ ၁၆ ခုကို မျှဝေနိုင်ပါတယ်။

Mercedes-Benz က ကား ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gizmochina