ကမ္ဘာကြီးကို မပျက်ဆီးစေဘဲ ပြန်လည် ဖြည့်တင်းနိုင်တဲ့ စွမ်းအင် နည်းပညာတွေကို ဖန်တီးနေကြပါတယ်။ လောင်စာဆီသုံး အင်ဂျင်တွေကနေ လျှပ်စစ် စွမ်းအင်သုံး ကားတွေကို ပြောင်းလဲ ဖန်တီးလာကြတာ အရှိန်အဟုန် မြင့်မားလာနေပါပြီ။ ကားထုတ်လုပ်သူတွေဟာ နောက်ဆယ်စုနှစ်အတွင်းမှာ လျှပ်စစ်ကား ကုမ္ပဏီ အဖြစ် လုံးဝ ပြောင်းလဲဖို့ ကြိုးစားနေကြပါတယ်။

Mercedes-Benz-VISION-EQXX-efficient-concept

တန်ဖိုးကြီး ကားတွေကို ဖန်တီးရာမှာ နာမည်ကြီးတဲ့ Mercedes Benz ကလည်း ၂၀၃၀ ခုနှစ်မှာ လျှပ်စစ်ကား ကုမ္ပဏီ အဖြစ် ပြောင်းလဲနိုင်အောင် ရည်ရွယ်ထားပါတယ်။ ကုမ္ပဏီဟာ လျှပ်စစ်ကား မော်ဒယ်များစွာကို ဖန်တီးနေပြီး နောက်နှစ် ဇန်နဝါရီလ ၃ ရက်နေ့မှာ စွမ်းရည်မြင့် VISION EQXX လျှပ်စစ်ကားကို ကြေညာမယ်လို့ သတင်းပေးလာပါတယ်။

Mercedes Vision EQXX 620-Mile Concept Now Has A Reveal Date

Mercedes Benz VISION EQXX မှာ အမိုက်စား လုပ်ဆောင်ချက် တချို့ပါလာမှာ ဖြစ်ပြီး အဖက်ဖက်က စွမ်းရည်မြင့်မားမှာပါ။ ၁ ခါအားအပြည့်သွင်းထားရင် ၁,၀၀၀ ကီလိုမီတာ မောင်းနှင်နိုင်မှာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကတော့ ၁,၂၀၀ ကီလိုမီတာ အထိ ကုမ္ပဏီက ရည်မှန်းထားတာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ COO Marcus Schafer က VISION EQXX ဟာ လက်ရှိ လျှပ်စစ်ကားတွေထဲမှာ စွမ်းရည် အမြင့်ဆုံး ဖြစ်လာမယ်လို့ ကြွေးကြော်ထားပါတယ်။

လျှပ်စစ်ကား ထုတ်လုပ်တဲ့ ကုမ္ပဏီတွေ များပြားလာတာနဲ့အမျှ အဲဒီဈေးကွက်မှာ ပြိုင်ဆိုင်မှုတွေ ပိုမို ပြင်းထန်လာနေပါပြီ။ Mercedes Benz ကလည်း အဲဒီ နယ်ပယ်မှာ ဦးဆောင်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိမှာ Concept ကား အဆင့်ပဲ ရှိသေးပေမယ့် Mercedes Benz VISION EQXX ဟာ ကုမ္ပဏီရဲ့ အနာဂတ် လျှပ်စစ်ကား မော်ဒယ်တွေကို ဖော်ညွှန်းနေပါတယ်။

Ref : gizmochina