NFT တွေဟာ လွန်ခဲ့တဲ့ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေမှာ အလွန်ရေပန်းစားခဲ့တဲ့ နည်းပညာတစ်ခုဖြစ်ပြီး Cryptocurrency Blockchain နည်းပညာတွေထဲမှာ အအောင်မြင်ဆုံးအချိန်ကို ရောက်ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၂၂ နောက်ပိုင်းမှာ စတင်ပြီး NFT တွေရဲ့ တန်ဖိုးတွေက ဆက်တိုက်ကျဆင်းနေခဲ့သလို အရောင်းအဝယ်ပြုလုပ်မှုတွေကလည်း မရှိသလောက်အထိ ဖြစ်သွားပါတယ်။

ဒါကြောင့် အခုနောက်ဆုံးသိရတဲ့သတင်းအရ Facebook ၊​ Instagram အပြင် Social Media Service တွေကို ပိုင်ဆိုင်တဲ့ Meta ကုမ္ပဏီဟာ NFT တွေနဲ့ ပတ်သက်တဲ့ Feature တွေကို ပြန်လည်ဖြုတ်ချဖို့ စီစဥ်နေပြီလို့ သိရပါတယ်။ ဒါကြောင့် လက်ရှိမှာ Instagram ပေါ်ကနေတစ်ဆင့် NFT တွေကို ပြသရောင်းချနိုင်တဲ့ Feature အပြင် Facebook နဲ့ Instagram မှာ NFT တွေကို Share ပြုလုပ်နိုင်မှုတွေကိုပါ မကြာခင်ရက်သတ္တပါတ်အတွင်း ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။

Meta ကုမ္ပဏီရဲ့ ပြောကြားချက်အရ အခုလိုမျိုး NFT နဲ့ ပတ်သက်တဲ့ Feature တွေကို ပြန်လည်ရုပ်သိမ်းပြီး Reels လိုမျိုး Feature တွေမှာ Messaging နဲ့ Monetization ပြုလုပ်နိုင်ဖို့၊ Meta Pay ကို အဆင့်မြှင့်တင်ဖို့ကို ပိုပြီး ဦးစားပေးသွားမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး NFT တွေဟာ ယခင်နှစ်တွေတုန်းက နည်းပညာကုမ္ပဏီတွေအကုန်လုံးနီးပါး ဆောင်ရွက်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ အသုံးပြုသူနည်းပါးသွားတာကြောင့် Meta လိုမျိုးပဲ ပြန်လည်ဖြုတ်ချသွားမယ်လို့ ခန့်မှန်းရပါတယ်။

Ref – The Verge