Meta က ကိုယ်ပိုင် အသုံးပြုဖို့အတွက် တစ်ကမ္ဘာလုံးကို ဖြန့်ကျက်ထားတဲ့ ဖိုက်ဘာ Optic ပင်လယ်ရေအောက် အင်တာနက်ကြိုးကို တည်ဆောက်ဖို့ စီစဉ်နေပါတယ်။ ဒီစီမံကိန်းဟာ ဒေါ်လာ ၁၀ ဘီလီယမ် ကုန်ကျမှာ ဖြစ်ပြီး တစ်ကမ္ဘာလုံးကို သွယ်တန်းမှာဖြစ်ကာ ၄၀,၀၀၀ ကီလိုမီတာကျော် (၂၄,၈၅၀ မိုင်) ရှည်လျားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ နိုင်ငံတွေ ပြဿနာ ဖြစ်ပွားတဲ့အခါမှာ လက်ရှိ ရေအောက် အင်တာနက်ကြိုးတွေကို ဖျက်ဆီးလာနိုင်တဲ့အတွက် Meta က ကိုယ်ပိုင် အင်တာနက်ကြိုးကို သွယ်တန်းဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Meta is building the 'mother of all' subsea cables - The Verge

Meta ဟာ လက်ရှိမှာ အင်တာနက် ကွန်ရက် ၁၆ ခုကို ပူးတွဲပိုင်ဆိုင်ထားပြီး အခု ကြိုးအသစ်ကို ကုမ္ပဏီက အပြည့်အဝ ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် ကုမ္ပဏီပိုင် ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေအတွက် ဦးစားပေးကာ အင်တာနက် ပံ့ပိုးပေးနိုင်ပါတယ်။ Google ဟာ အင်တာနက်ကြိုးများစွာကို ပိုင်ဆိုင်ထားပြီး Meta ဟာလည်း Google လမ်းစဉ်ကိုလိုက်လာတာ ဖြစ်ပါတယ်။

Meta's $10 Billion Plan to Build the World's Largest Subsea Cable Network

Meta ဟာ ကြိုးသွယ်တန်းတဲ့ ပုံသဏ္ဍာန် အရ “W” လို့ အမည်ပေးထားတဲ့ ရေအောက် အင်တာနက်ကြိုးကို သွယ်တန်းဖို့ စီစဉ်နေတဲ့ သတင်း အောက်တိုဘာလတုန်းက ထွက်ခဲ့ပါတယ်။ အဲဒီ စီမံကိန်းဟာ အချိန် ၅ နှစ်ကနေ ၁၀ နှစ်အတွင်း ကြာမြင့်နိုင်ပါတယ်။

Meta ရဲ့ အင်တာနက်ကြိုးဟာ အမေရိကန် အရှေ့ ကမ်းရိုးတန်းနဲ့ အနောက်ကမ်းရိုးတန်းကို ဆက်သွယ်ထားမှာ ဖြစ်ပြီး အိန္ဒိယ၊ တောင်အာဖရိကနဲ့ ဩစတြေးလျနိုင်ငံတွေမှာ Connection Point တွေ ထားရှိထားမှာပါ။ ပြဿနာ ရှိနိုင်တဲ့ ဒေသတွေကို ရှောင်ရှားဖို့ ရည်ရွယ်ထားပါတယ်။

Ref : The Verge