Meta က DALL-E နဲ့ Midjourney ကို ယှဉ်ပြိုင်မယ့် Standalone AI Image Generator ကို ဖြန့်ချိလိုက်ပါတယ်။ AI Image Generator ဆိုတာက ကိုယ်လိုချင်တဲ့ ဓါတ်ပုံအတွက် စာသားတွေ ရိုက်ထည့်လိုက်တာနဲ့ AI က ဓါတ်ပုံ ဖန်တီးပေးတာ ဖြစ်ပါတယ်။

Imagine AI image generator

Imagine.meta.com မှာ Meta ရဲ့ AI Image Generator ကို အသုံးပြုနိုင်ပါတယ်။ မြန်မာနိုင်ငံက လူတွေကတော့ VPN ခံပြီးမှ အသုံးပြုနိုင်ပါတယ်။

Facebook Messenger မှာ “/imagine” လို့ ရိုက်ထည့်ပြီးနောက် လိုချင်တဲ့ ဓါတ်ပုံကို Prompt မှာ စာသားတွေ ရိုက်ထည့်တာနဲ့ AI က ဓါတ်ပုံတွေ ဖန်တီးပေးတဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားပြီးသားပါ။ အခုတော့ Meta က အဲဒီနည်းပညာကို Messenger မှာသာမက Standalone AI Image Generator အဖြစ် Website ၁ ခုနဲ့ ဖန်တီးပေးလိုက်ပါတယ်။

Meta opens the gates to its generative AI tech with launch of new Imagine platform | TechRadar

Meta က ဘလော့ဆောင်းပါး ၁ ခုမှာ “ လူတွေ Imagine ကို အသုံးပြုရတာ နှစ်သက်ကြတာကို သိရတဲ့အတွက် ဝမ်းသာပါတယ်။ Meta AI ရဲ့ စာသား ကနေ ဓါတ်ပုံ ဖန်တီးပေးတဲ့ ဝန်ဆောင်မှုဟာ ပျော်စရာကောင်းပြီး Chat တွေမှာ ထူးခြားဆန်းသစ်တဲ့ Content တွေကို မျှဝေနိုင်ပါတယ်။ အခုတော့ Chat မှာသာမကဘဲ Website မှာပါ အသုံးပြုနိုင်ပါတယ်။

အမေရိကန်မှာ အရင်ဆုံး အသုံးပြုနိုင်ပါပြီ။ ကျွန်တော်တို့ရဲ့ Image Foundation Model ဖြစ်တဲ့ Emu ရဲ့ နည်းပညာနဲ့ ဓါတ်ပုံတွေ ဖန်တီးနိုင်ပါတယ်။ “ လို့ ရေးသားထားပါတယ်။

Emu ဟာ Meta ရဲ့ AI Image Generator ရဲ့ ဉာဏ်ရည်တု Software ဖြစ်ပြီး ပြီးခဲ့တဲ့လက Emu Edit နဲ့ Emu Video အဖြစ် ကြေညာခဲ့တာ ဖြစ်ပါတယ်။

Ref : petapixel