Meta ကုမ္ပဏီဟာ အခုနောက်ပိုင်းမှာ NFT တွေကို ပိုပြီး အာရုံစိုက်နေတာ အချိန်တစ်ခုရှိနေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလတုန်းကလည်း Meta ကနေ Instagram မှာ NFT တွေကို Post အနေနဲ့ ဖော်ပြနိုင်ဖို့ စမ်းသပ်နေပြီး အခုဆိုရင် အဆိုပါ Feature ကို လူတိုင်းနီးပါးအသုံးပြုနိုင်ပြီဖြစ်ပါတယ်။

အခုလည်း Meta က Instagram မှာတင် NFT တွေကိုထောက်ပံ့ပေးနေမှာမဟုတ်တော့ဘဲ ထပ်မံပြီး တိုးချဲ့မှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ Instagram မှာတင်ထားတဲ့ NFT တွေကို Facebook စာမျက်နှာပေါ်မှာပါ ပြန်လည် မျှဝေနိုင်မှာပဲဖြစ်ပါတယ်။

အခုလိုမျိုး Instagram မှာတင်ထားတဲ့ ကိုယ်ပိုင်ဆိုင်တဲ့ NFT ကို Facebook မှာ ပြန်ပြီးမျှဝေဖို့အတွက်ကတော့ Meta ကနေ အသိအမှတ်ပြုထားတဲ့ Blockchain က Verified ပြုလုပ်ဖို့ လိုအပ်မှာဖြစ်ပြီး Facebook သို့မဟုတ် Instagram Platform မှာ အသုံးပြုသူတွေရဲ့ Digital Wallet ကို ချိတ်ဆက်ထားရမှာဖြစ်ပါတယ်။ ဒါမှသာ NFT တွေကို Facebook မှာပြန်ပြီး Share ပြုလုပ်နိုင်မှာပါ။

Facebook မှာ မျှဝေလိုက်တဲ့ NFT တွေဟာ သာမန် Post တွေလိုမျိုးပဲ ပုံစံဆင်တူမှာဖြစ်ပြီး ကွာခြားချက်အနေနဲ့ကတော့ “Digital Collectible” ဆိုတဲ့ အမှတ်တံဆိပ်တစ်ခုပဲ အပိုပါဝင်မှာဖြစ်ပါတယ်။ Meta အနေနဲ့ NFT တွေကို အခုလိုမျိုး ဦးစားပေးဆောင်ရွက်နေပေမယ့် အကြီးမားဆုံး NFT Marketplace တစ်ခုဖြစ်တဲ့ OpenSea ကတော့ ပြီးခဲ့တဲ့ ၄ လအတွင်းမှာ ရောင်းအား ၉၉ ရာခိုင်နှုန်းအထိ ကျဆင်းနေပြီး အဆိုးဝါးဆုံးအခြေအနေကို ကြုံတွေ့နေရတာဖြစ်ပါတယ်။

Ref – The Verge