Meta ကုမ္ပဏီဟာ လက်ရှိအချိန်မှာ Facebook ၊ Instagram ၊ Messenger အပြင် WhatsApp အစရှိတဲ့ Social Media Service တွေအများအပြားကို ပိုင်ဆိုင်ထားတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် Meta ဟာ လောလောဆယ်မှာ ဥရောပနိုင်ငံအတွင်းမှာ အသုံးပြုသူတွေရဲ့ User Data နဲ့ Privacy ပိုင်းကို ရယူနေမှုကြောင့် တရားစွဲဆိုမှုတွေပါ ခံနေရပါတယ်။

ဒါကြောင့် Meta ရဲ့ နောက်ဆုံးအသစ်မိတ်ဆက်ထားတဲ့ Social Media Service တစ်ခုဖြစ်တဲ့ Threads ကို လက်ရှိအချိန်အထိ ဥရောပနိုင်ငံတွေမှာ အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။ ဒါ့အပြင် နောက်ဆုံးသိရှိရတဲ့သတင်းတွေအရ Meta ဟာ ဥရောပနိုင်ငံတွေအတွက် သီးသန့် User Data ကို ကောက်ယူခြင်းမရှိသလို ကြော်ငြာပါဝင်ခြင်းမရှိတဲ့ Facebook နဲ့ Instagram Version ကို သီးသန့် မိတ်ဆက်သွားဖို့ပါ စီစဥ်နေပြီလို့ သိရပါတယ်။

တစ်ခုရှိတာက အခုလိုမျိုး အသုံးပြုသူတွေရဲ့ Data ကို ရယူပြီး ကြော်ငြာပြသမှာမဟုတ်တော့တဲ့အတွက် အဆိုပါ Facebook နဲ့ Instagram Service တွေကို အသုံးပြုဖို့အတွက် အခကြေးငွေပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဖြစ်နိုင်တာက တခြားသော Application တွေ၊ Services တွေလိုမျိုး Premium Version အနေနဲ့ ဖြစ်လာနိုင်ပါတယ်။

FILE PHOTO: The logos of Facebook and Instagram and the words “Monthly subscription” are seen in this picture illustration taken January 19, 2023. REUTERS/Dado Ruvic/Illustration/File Photo

လောလောဆယ်မှာလည်း Meta ဟာ ဥရောပနိုင်ငံတွေမှာ အသုံးပြုသူတွေရဲ့ User Data နဲ့ Privacy ပိုင်း ချိုးဖောက်မှုတွေကြောင့် တရားစွဲဆိုခံနေရပြီး တလောကမှ Ireland နိုင်ငံ Data Protection Commission ကနေ Meta ကို ဒေါ်လာ ၁.၃ ဘီလီယံ ဒါဏ်ရိုက်ခဲ့ပါသေးတယ်။ ဒါကြောင့် Meta ဟာ ဥရောပနိုင်ငံအတွင်းမှာ အသုံးပြုသူတွေက ကိုယ့်ရဲ့ Personal Data ကို ရယူပြီး ကြော်ငြာပြသနိုင်ခြင်းမရှိအောင် Opt-out ပြုလုပ်ခွင့်ပေးထားရပြီးဖြစ်ပါတယ်။

Meta ကတော့ အခုလိုမျိုး အခကြေးငွေပေးရမယ့် ကြော်ငြာမပါတဲ့ Facebook နဲ့ Instagram တွေက တကယ်ဖြစ်လာမလားဆိုတာကိုတော့ လက်ရှိအချိန်အထိ တရားဝင်ပြောကြားထားခြင်းမရှိသေးပါဘူး။

Ref – The Verge