Meta က ChatGPT နဲ့ Google Bard ကို ယှဉ်ပြိုင်မယ့် AI ကို ကြေညာလိုက်ပါတယ်။ Llama 2 လို့ အမည်ပေးထားပြီး အခမဲ့ အသုံးပြုခွင့်ပေးမှာပါ။
ဒီတစ်ပတ်အစောပိုင်းက Meta ရဲ့ CEO Mark Zuckerberg က Llama 2 ကို Microsoft နဲ့ ပူးပေါင်း ဖန်တီးထားတာလို့ ပြောပါတယ်။ သုတေသနနဲ့ စီးပွားဖြစ် အတွက် အခမဲ့ အသုံးပြုခွင့်ပေးတဲ့ နောက်ဆုံးပေါ် AI Language Model ဖြစ်ပါတယ်။ Llama 2 နဲ့ဆိုရင် Meta ဟာ အွန်လိုင်းက AI အခြေပြု Models များစွာကို အနိုင်ယူနိုင်မှာဖြစ်ပြီး ChatGPT လိုပဲ (ဓါတ်ပုံ၊ စာသားနဲ့ တခြား) Generative AI Tools တွေကနေ အကျိုးအမြတ်ရမှာပါ။
Meta ဟာ ပြိုင်ဖက်တွေထက် အသာရအောင် Llama 2 ကို အခမဲ့ သုံးခွင့်ပေးဖို့ စီစဉ်ထားပါတယ်။ Llama 2 ဟာ အသုံးပြုတဲ့ ဒေတာနဲ့ ကုဒ်အပိုင်းမှာ ပိုမို ပွင့်လင်းမြင်သာစေပါတယ်။ Zuckerberg က “Open Source ဟာ Developer တွေ နည်းပညာ အသစ်တွေ ပိုမိုဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆော့ဖ်ဝဲဟာ Open Source ဖြစ်တဲ့အတွက် လုံခြုံရေးအပိုင်းမှာ ပိုကောင်းပြီး သုံးစွဲသူတွေဟာ ပြဿနာတွေကို ဖြေရှင်းနိုင်ပါတယ်။ ဂေဟစနစ်ဟာ ပွင့်လင်းတဲ့အတွက် တိုးတက်မှု ပိုကောင်းတယ်လို့ ယုံကြည်ပါတယ်။ အဲဒါကြောင့် Llama 2 ကို Open Source အဖြစ် ဖန်တီးထားတာပါ။” လို့ ပြောပါတယ်။
Meta ဟာ Llama 2 Model တွေနဲ့ On-device AI ဖန်တီးဖို့ Qualcomm နဲ့ ပူးပေါင်းထားပါတယ်။ Llama ရဲ့ အရှည်က Large Language Model Meta AI ဖြစ်ပြီး လူတွေဟာ AI Model အသစ်တွေကို ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
Ref : gizmochina