သုံးစွဲသူတွေရဲ့ ဖိအားတွေကြောင့် Facebook, Instagram နဲ့ WhatsApp ကို ပိုင်တဲ့ Meta ဟာ ကုမ္ပဏီရဲ့ Instant Messaging ဝန်ဆောင်မှုတွေမှာ End-to-end Encryption ကို အရှိန်မြှင့် သုံးစွဲတော့မှာ ဖြစ်ပါတယ်။ ဒီနည်းပညာကို သုံးရင် User တွေကလွဲပြီး Chat ဒေတာတွေကို တခြားလူတွေက ကြည့်ရှုလို့ မရတော့ပါဘူး။

Facebook messenger

End-to-end Encryption ကို ပထမဆုံး အနေနဲ့ ၂၀၁၆ ခုနှစ်မှာ WhatsApp နဲ့ Facebook Messenger မှာ ထည့်သွင်းပေးခဲ့ပါတယ်။ WhatsApp မှာ Default အနေနဲ့ ထည့်သွင်းပေးခဲ့ပြီး Messenger မှာတော့ Settings ထဲမှာ Activate လုပ်ရတာပါ။ ဒါပေမယ့် ဒီနှစ်ကုန်မှာ အဲဒီ Option ကို Messenger မှာ Default အနေနဲ့ ထည့်သွင်းပေးတော့မှာပါ။ ဒီတစ်ပတ်ကစပြီး Meta ဟာ App User တွေအတွက် လုံခြုံတဲ့ Cloud Storage လုပ်ဆောင်ချက်ကို စတင် စမ်းသပ်တော့မှာဖြစ်ပြီး အစောပိုင်းမှာ iOS နဲ့ Android User တချို့မှာပဲ ရဦးမှာပါ။

Messenger - Apps on Google Play

ကုမ္ပဏီက User တွေဟာ Backup တွေကနေ Messenger မှာ Message History တွေကို လွယ်ကူစွာ Restore လုပ်နိုင်မယ်လို့ ပြောပါတယ်။ လုံခြုံရေးအတွက် သင်ဟာ ကုဒ်ကို အင်စတောလုပ်ရမှာ ဖြစ်ပြီး သီးခြား သိမ်းဆည်းရမှာပါ။ User တွေဟာ Third-party ဝန်ဆောင်မှုတွေမှာလည်း Archive ကို သိမ်းဆည်းနိုင်ပါတယ်။ iOS User တွေဟာ Messenger ဒေတာတွေကို ရယူဖို့ iCloud မှာ Secret Key ကို ထားရှိနိုင်ပါတယ်။

Messenger မှာ End-to-end Encrypted Chat နဲ့ Voice Call ကို Default အနေနဲ့ ထည့်သွင်းတာကို လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း ရရှိမှာ ဖြစ်ပြီး နောက်ပိုင်း တိုးချဲ့ပေးသွားမှာပါ။ အစပိုင်းမှာ လူအုပ်စု အနည်းငယ်နဲ့ စမ်းသပ်မှာ ဖြစ်ပါတယ်။

Ref : gizchina