Mark Zuckerberg က သူ့နေရာမှာ အစားထိုး အလုပ်လုပ်ပေးနိုင်မယ့် CEO AI Agent တစ်ဦးကို ဖန်တီးနေပါတယ်။ အဲဒီ AI က သူ့အတွက် လိုအပ်တဲ့ အချက်အလက်တွေကို ဝန်ထမ်းတွေဆီကနေ အဆင့်ဆင့် တောင်းခံနေစရာမလိုဘဲ ချက်ချင်း ရှာဖွေပေးနိုင်မှာဖြစ်ပြီး လက်ရှိမှာတော့ စမ်းသပ်တည်ဆောက်ဆဲ အဆင့်မှာပဲ ရှိနေပါသေးတယ်။
ဒါ့အပြင် Meta ကုမ္ပဏီအတွင်းမှာ Second Brain လို့ နာမည်ပေးထားတဲ့ နောက်ထပ် AI နည်းပညာတစ်ခုလည်း အတော်လေး နာမည်ကြီးနေပါတယ်။ အဲဒီ AI ဟာ ပရောဂျက်တွေနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို မှတ်တမ်းတင်ပေးတာ၊ ရှာဖွေပေးတာတွေ အပါအဝင် တခြား လုပ်ငန်းစဉ်တွေမှာပါ အများကြီး အထောက်အကူပြုပေးနိုင်ပါတယ်။
:max_bytes(150000):strip_icc()/GettyImages-2170626516-69dfaf1da59f459ca9247bdb7e15e3e9.jpg)
Meta ဝန်ထမ်းတွေဟာ My Claw လိုမျိုး ကိုယ်ပိုင် AI Agent တွေကိုလည်း စတင် အသုံးပြုနေကြပါပြီ။ အဲဒီ AI တွေက ဝန်ထမ်းတွေရဲ့ လုပ်ငန်းခွင်သုံး ဖိုင်တွေ၊ ဆွေးနွေးချက် မှတ်တမ်းတွေကို ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဝန်ထမ်းတွေကိုယ်စား လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်သွယ် ပြောဆိုပေးနိုင်စွမ်း ရှိကြပါတယ်။
Meta ဟာ ကုမ္ပဏီတစ်ခုလုံးမှာ AI နည်းပညာတွေ ပေါင်းစပ်အသုံးပြုဖို့ ကြိုးပမ်းမှုတွေကိုလည်း အရှိန်အဟုန်မြှင့် လုပ်ဆောင်နေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဝယ်ယူခဲ့တဲ့ တရုတ် AI ကုမ္ပဏီ Manus ဟာဆိုရင် OpenAI ရဲ့ DeepResearch ထက်တောင် ပိုမိုစွမ်းဆောင်နိုင်တယ်လို့ ကြွေးကြော်ထားပြီး ဒါဟာ Meta ရဲ့ AI နည်းပညာ အင်ပါယာချဲ့ထွင်မှု ပြယုဂ်တစ်ခုပဲ ဖြစ်ပါတယ်။
Ref : businesstimes