Xiaomi ရဲ့ Mi A3 အတွက် Android 11 Update ဟာ အသုံးပြုသူတွေကြားမှာတော့ အတော်လေးကို ဂယက်ထခဲ့ပါတယ်။ Software Update မြှင့်တင်ချိန်မှာ Mi A3 အသုံးပြုသူအချို့ဟာ Anxiety တိုက်ခိုက်မှု အနည်းငယ်ကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ Update ကြောင့် Bricked ဖြစ်သွားတဲ့ အသုံးပြုသူတွေကို အခမဲ့ပြုပြင်ပေးနေသလို၊ ဒီပြဿနာကိုလည်း Fix လုပ်ထားတဲ့ ဗားရှင်းပြန်ထုတ်ပေးရင်း ပြေလည်အောင်ဖြေရှင်းပေးနိုင်ပြီလို့ သိရပါတယ်။ အမှန်တော့ Xiaomi က “Brick Issue” fixed Android 11 ကို ပြန်ထုတ်ပေးထားတာ ရက်အနည်းငယ်ကြာနေပြီ ဖြစ်ပါတယ်။

Gizmo China ရဲ့ လက်တွေ့စမ်းသပ်ချက်တွေအရ Fixed လုပ်ထားတဲ့ Update ဟာ Build number 12.0.3.0.RFQMIXM နဲ့လာတာဖြစ်ပြီး အရွယ်အစားက 1.40GB ရှိကြောင်း သိရပါတယ်။ Changelog က ပထမ Update နဲ့အတူတူဖြစ်ပြီး Android 11 OS ရဲ့ ပုံမှန် Feature တွေကို ပြသတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Update မှာ 2020 December security patch လည်း ပါဝင်လာပါတယ်။

Update သစ်ကတော့ Device ကို Android အသစ်ဆီ အောင်အောင်မြင်မြင်နဲ့ ခုန်တက်သွားစေပြီး၊ အခုအချိန်အထိ Bugs ကြီးကြီးမားမားလည်း မတွေ့ရှိရဘူးလို့ ဆိုပါတယ်။ ဒါကြောင့် Mi A3 user တွေအနေနဲ့ Software Update သစ်နဲ့အတူ Device ကို Android OS 11 ဆီ လုံခြုံစိတ်ချစွာနဲ့ မြှင့်တင်ပြောင်းလဲနိုင်ပြီဖြစ်တယ်လို့လည်း Gizmo China က ရေးသားဖော်ပြထားပါတယ်။

Ref: Gizmochina