ရှောင်မီ (Xiaomi) ကုမ္ပဏီက Mi Pad 3 ကို ၂၀၁၇ ခုနှစ်၊ ဧပြီလမှာ မိတ်ဆက်ခဲ့ပါတယ်။

ရှောင်မီ (Xiaomi) ကုမ္ပဏီက Mi Series ကို လွန်ခဲ့တဲ့ ၃ နှစ်က စတင်ထုတ်လုပ်ခဲ့ပါတယ်။ Mi Pad 1 ကို လွန်ခဲ့တဲ့ ၃ နှစ်က ထုတ်လုပ်ခဲ့ပြီး Mi Pad 2 ကို လွန်ခဲ့တဲ့ ၂ နှစ်ဝန်းကျင်က ထုတ်လုပ်ခဲ့ပါတယ်။ Mi Pad 2 မှာ Processor က Intel ကို အသုံးပြုခဲ့တာကြောင့် Android ရော Window 10 ပါအသုံးပြုလို့ရခဲ့တာကြောင့် Tablet တစ်လုံးထက် ပိုအသုံးပြုနိုင်တဲ့ စွမ်းအင်ကြောင့် ရောင်းအားကောင်းခဲ့ပါတယ်။

Xiaomi Mi Pad 3 က Mi Pad 2 တုန်းကလို Tablet တွေထဲကမှ ထူးခြား နေတဲ့ ပုံစံမျိုးမဟုတ်ဘဲ Mi Pad 2 ကို အဆင့်မြင့်တင်ထားရုံလောက်ဘဲ ထုတ်လုပ်ထားတာပါ။

Screen and Resolution

Mi Pad 3 မှာ မျက်နှာပြင် အကျယ် ၇.၉ လက်မ၊ Resolution က 1536 x 2048 Pixels ရှိပါတယ်။ Dimension က 200.4×132.6× 7 mm တို့ ဖြစ်ပါတယ်။ အလေးချိန်ကတော့ 328 g ဖြစ်တာကြောင့် Mi Pad 2 နဲ့ ဆို Dimension ရော အလေးချိန်ရော အတူတူနီးပါးဘဲဖြစ်ပါတယ်။

Processor

Android OS စနစ်ကို အသုံးပြုထားပြီး Tablet တွေအသုံးပြုလေ့ရှိတဲ့ Hexa-Core (3×2.1 GHz Cortex-A72 & 3×1.7 GHz Cortex-A53) ကို အသုံးပြုထားပါတယ်။ Chipset ကတော့ Mediatek MT8176 သုံးထားတာကြောင့် အရင် Mi Pad 2 ရဲ့ Intel Chip ကိုတော့ လိုက်နိုင်မယ့် ပုံတော့ မပေါ်ပါဘူး။ အရင် Mi Pad 2 လို Android ရော Windows 10 ကိုပါ အသုံးပြုလို့မရတော့ဘဲ Android ကိုဘဲ အသုံးပြုနိုင်တော့မှာပါ။

Ram ကတော့ 4 GB ဖြစ်ပြီး Mi Pad 2 ထက် စာရင် Ram က 2 GB ပိုများလာပါတယ်။ အရင် Mi Pad 2 တုန်းကလို Storage 16 GB နဲ့ 64 GB ၂ မျိုးမလာတော့ဘဲ 64 GB တစ်မျိုးထဲဘဲ ထုတ်လာပါတယ်။

ကင်မရာ

အနောက် ကင်မရာက 13 Megapixel ဖြစ်တာကြောင့် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရိုက်နိုင်မှာဖြစ်ပြီး အရှေ့ကင်မရာက 5 Megapixel ရှိပါတယ်။ Mi Pad 2 နဲ့ ယှဉ်ရင် ကင်မရာ အရည်အသွေးအများကြီး တိုးမြှင့်ထားပါတယ်။

ဘက်ထရီက 6600mAh ရှိပြီး ဖြုတ်လို့ရတဲ့ ဘက်ထရီ အမျိုးအစားမျိုးတော့ မဟုတ်ပါဘူး။ အခုလောလောဆယ်တော့ ရွှေရောင်တစ်ရောင်တည်းဘဲ မှာယူလို့ရနိုင်မှာဖြစ်ပါတယ်။