Xiaomi ရဲ့ Mi Pad Series Tablet တွေက Android Tablet ဈေးကွက်ထဲမာ အကောင်းဆုံးဖြစ်နေဆဲပဲဖြစ်ပါတယ်။ Mi Pad 2 ၊ Mi Pad 3 Tablet တွေကလည်း ပြည်တွင်းဈေးကွက်မှာ အောင်မြင်တဲ့ Android Tablet တွေဖြစ်ခဲ့တာပါ။

ဒါပေမယ့် Mi Pad Series တွေမှာ အားနည်းချက်တစ်ခုကတော့ SIM Card ထည့်သွင်းလို့ မရခဲ့တာပဲဖြစ်ပါတယ်။ Processor ပိုင်းအရလည်း Qualcomm Processor တွေကို အသုံးမပြုတာက အားနည်းချက်တစ်ခုလို့ ပြောနိုင်ပေမယ့်လည်း SIM Card ထည့်သွင်းလို့မရတာကတော့ အချို့သော ဝယ်ချင်တဲ့သူတွေကိုတောင် တွန့်သွားစေတာပါ။

ဒါပေမယ့် Xiaomi ရဲ့ ၄ခုမြောက် Tablet တစ်ခုဖြစ်လာမယ့် Mi Pad 4 Tablet ကတော့ အရင်တုန်းက Xiaomi Tablet တွေရဲ့ အားနည်းချက်တွေအကုန်လုံးကို ဖျောက်လာတော့မှာပဲဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုရင် Xiaomi ကနေ Mi Pad 4 Tablet မှာ Qualcomm Snapdragon 660 Processor ကို အသုံးပြုလာမယ့်အပြင် SIM Slot ကိုပါထည့်သွင်းလာတော့မယ်လို့ သတင်းတွေထွက်လာတာပဲဖြစ်ပါတယ်။

အခုသတင်းက Xiaomi ရဲ့ Mi Pad Series Tablet တွေကို စောင့်နေတဲ့သူတွေအတွက်ကတော့ အကောင်းဆုံးဖြစ်နေမှာပါ။ Camera ပိုင်းအနေနဲ့ကတော့ 13MP Back Camera + 5MP Front Camera ပါဝင်လာမှာဖြစ်ပါတယ်။ Battery အနေနဲ့တော့ 6000mAh Battery ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။