ပြီးခဲ့တဲ့သီတင်းပတ်တုန်းက လေ့လာဆန်းစစ်သူ Jeff Pu နဲ့ Tipster Ross Young တို့က အနာဂတ် Apple watch မော်ဒယ်တွေနဲ့ပတ်သက်ပြီး သတင်းတချို့ကို ပေးခဲ့ပါတယ်။ Pu ရဲ့ ပြောဆိုချက်အရ ၂၀၂၄ တတိယသုံးလပတ်နောက်ပိုင်းမှာ ထွက်ရှိမဲ့ ဒုတိယမျိုးဆက် Apple Watch Ultra ဟာ မျက်နှာပြင်အမျိုးအစားအသစ် ပါဝင်မယ်လို့ သိရပါတယ်။

ပထမမျိုးဆက် စမတ်နာရီမှာ 1.92-inch LTPO AMOLED မျက်နှာပြင် ပါဝင်ပေမဲ့ နောက်ဆက်တွဲမှာတော့ 2.1-inch micro-LED မျက်နှာပြင် ပါဝင်မယ်လို့ ဆိုပါတယ်။ Micro-LED display တွေဟာ Backlight အတွက် အလွန်အမင်းသေးငယ်တဲ့ Light-emitting diodes (LEDs) တွေ အသုံးပြုတာ ဖြစ်ပါတယ်။ ဒီလိုမျိုး မျက်နှာပြင်တွေကို ဖန်တီးဖို့ ခက်ခဲပေမဲ့ ပိုတိကျတဲ့အရောင်တွေ၊ ပိုပြီးနက်မှောင်တဲ့ အနက်ရောင်တွေ၊ ပိုပြီးကောင်းတဲ့ အလင်းအမှောင်တွေကို ဆောင်ယူလာပါတယ်။ LCD နဲ့ OLED panel တွေလိုမျိုး Screen burn-in ဖြစ်တတ်တာမျိူး မရှိပါဘူး။

Ross Young ဟာ Display Supply Chain Consultant (DSCC) ရဲ့ ပူးတွဲတည်ထောင်သူနဲ့ CEO ဖြစ်ပါတယ်။ သူက Apple ဟာ ၂၀၂၅ ခုနှစ်မှာ Series 11 ကစတင်ပြီး ပုံမှန် Apple watch အတွက် mini-LED တွေ ပြောင်းလဲသွားမယ်လို့ လေးလေးနက်နက် ပြောခဲ့တာ ဖြစ်ပါတယ်။ Apple ဟာ micro-LED ထုတ်လုပ်သူ LuxVue ကို ၂၀၁၄ မှာ ဝယ်ယူခဲ့ပေမဲ့ Young က Cupertino အခြေစိုက် နည်းပညာကုမ္ပဏီကြီးဟာ micro-LED အစိတ်အပိုင်းတွေ ပြုလုပ်တဲ့လုပ်ငန်းစဉ်မှာ ပါဝင်မှာမဟုတ်တဲ့အတွက် LG Display ကပဲ အဆိုပါတပ်ဆင်မှုလိုင်းကို တည်ဆောက်နေတာလို့ ဆိုပါတယ်။

ဒါတင်မကသေးပါဘူး။ Bloomberg က Mark Gurman ကလည်း Apple ဟာ Apple Watch နဲ့ Apple Watch Ultra အတွက် micro-LED နည်းပညာတွေအသုံးပြုပြီးတဲ့နောက် iPhone ကလည်း micro-LED မျက်နှာပြင်တွေ ပါဝင်လာမဲ့ နောက်ထပ်ထုတ်ကုန်တစ်ခု ဖြစ်လာလိမ့်မယ်လို့ ရေးသားခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Apple ဟာ iPad တက်ဘလက်တွေနဲ့ Mac ကွန်ပျူတာတွေမှာလည်း micro-LED ကို အသုံးပြုနိုင်တယ်လို့ ဆိုခဲ့ပါသေးတယ်။

Ref: Phone Arena