Microsoft ရဲ့ Streaming ပလက်ဖောင်း Mixer ဟာ အခုနှစ်ပိုင်းမှာ Shroud နဲ့ Ninja တို့လို နာမည်အကြီးဆုံး Streamer တွေကို ခေါ်ယူနိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ သူတို့ရဲ့ သီးသန့်ပလက်ဖောင်းကို ပိတ်သိမ်းပြီး Content တွေ အားလုံးကို Facebook Gaming ပေါ်သို့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်ပါပြီ။

Mixer ရဲ့တရားဝင်ဆိုရှယ်မီဒီယာအကောင့်ကနေ “Mixer ရဲ့ Operations ဘက်ကို ပိတ်သိမ်းပြီး ပလက်ဖောင်းသစ် သို့ရွှေ့ပြောင်းတော့မယ်” လို့ Microsoft က ကြေညာခဲ့တာပါ။ Mixer ဟာ Streaming ဘက်ကို လွှမ်းမိုးဖို့ Microsoft ရဲ့ အစီအစဉ်ဖြစ်ပေမယ့် Twitch, Youtube, Facebook Gaming တို့လို ပြိုင်ဘက်ကြီးတွေ များပြားနေတဲ့အတွက် အခုလို ဆုံးဖြတ်လိုက်တာဖြစ်နိုင်ပါတယ်။

အခြားတစ်ဖက်ကကြည့်ရင်လည်း Microsoft ဟာ Streaming နဲ့ Gaming ဘက်ကို အားစိုက်လာတဲ့ Facebook နဲ့ ပေါင်းစပ်ခြင်းက ကမ္ဘာ့အကြီးဆုံးဆိုရှယ်နက်ဝပ်ဖြစ်တဲ့ Facebook ရဲ့ သုံးစွဲသူတွေအပါအဝင် ပိုမိုကျယ်ပြန့်တဲ့ ဈေးကွက်ကို ရောက်ရှိစေမှာပါ။

Facebook Gaming ဟာ ပြီးခဲ့တဲ့လပိုင်းကလည်း သူတို့ရဲ့ပလက်ဖောင်းပေါ်မှာတင် Esports ပြိုင်ပွဲတွေ အပြီးအစီး ကျင်းပနိုင်တဲ့ Feature ကို မိတ်ဆက်ခဲ့သလို လွန်ခဲ့တဲ့နှစ်ပိုင်းတွေမှာလည်း Level Up အပါအဝင် Livestreaming ကို အားပေးတဲ့ ခြေလှမ်းတွေ တစ်ဆင့်ချင်း ထည့်သွင်းထားပါတယ်။

Mixer ပေါ်က လက်ရှိ Streamer တွေနဲ့ Viewer တွေဟာ Facebook Gaming ပေါ်ကို လာရောက်ပူးပေါင်းဖို့ အားပေးမှာဖြစ်ပေမယ့် လက်ရှိထိပ်သီး Streamer တွေဖြစ်တဲ့ Ninja နဲ့ Shroud တို့လို လူတွေကတော့ နောက်ထပ် ပြောင်းရွှေ့ဖို့ ပလက်ဖောင်းကို အချိန်ယူစဉ်းစားဦးမယ့်ပုံပါပဲ။

Ref – AFKGaming