Microsoft ဟာ Windows 11 ကို Stable Update အနေနဲ့ ထုတ်ပေးထားပြီးဖြစ်ပေမယ့် အခုအချိန်အထိ တချို့သော Bug တွေ၊ Error တွေအပြင် Feature ပိုင်းအရ လိုအပ်မှုအနည်းငယ်ရှိနေပါသေးတယ်။ အဓိကအနေနဲ့ Windows 11 ဟာ Design ပိုင်းအများအပြားပြောင်းလဲခဲ့တာကြောင့် အသုံးပြုသူတွေအနေနဲ့ အသားမကျသေးတာကြောင့်လို့လည်း ပြောနိုင်ပါတယ်။

အထူးသဖြင့် Windows 11 မှာ အသုံးပြုထားတဲ့ Start Menu နဲ့ Taskbar ကလည်း ဝေဖန်ခံနေရပါတယ်။ Start Menu Design ကိုပြောင်းလဲခဲ့သလို Task Bar ဆီကို Drag & Drop ပြုလုပ်မရတာတွေ၊ Multiple Monitor တွေရဲ့ Taskbar မှာ အချိန်နဲ့ နာရီကို ဖော်ပြခြင်းမရှိတာတွေလည်း ပါဝင်ခဲ့ပါတယ်။

ဒါကြောင့် အခုဆိုရင် Microsoft ကနေ Windows 11 ရဲ့ Start Menu ကို ပိုပြီး အသုံးပြုသူတွေအတွက် အဆင်ပြေစေဖို့အတွက် အဆင့်မြှင့်တင်ပေးတော့မှာဖြစ်ပါတယ်။ ဒါကိုတော့ Windows Insider Build 22509 မှာ အဆင့်မြှင့်တင်ခဲ့တာဖြစ်ပြီး Start Menu ကို ပုံမှန် Pin နဲ့ Recommended Section နေရာမှာ ကိုယ့်စိတ်ကြိုက် Pin တွေကို ပိုပြီး များများထည့်သွင်းမလား၊ Recommendation တွေကိုပဲ ပိုပြီး အသုံးပြုချင်တာလားဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒါက Windows 11 ရဲ့ Start Menu ကို ပိုပြီး Customized ပြုလုပ်ခွင့်ပေးလိုက်တာလို့ ပြောနိုင်ပါတယ်။

နောက်ထပ် အဆင့်မြှင့်တင်မှုတစ်ခုကတော့ Multiple Monitor အသုံးပြုတဲ့သူတွေအတွက်ဖြစ်ပြီး Date & Time ကို Monitor အားလုံးမှာ ထည့်သွင်းပေးလိုက်ပြီပဲဖြစ်ပါတယ်။ ဒါကြောင့် မကြာခင်မှာ Windows 11 Taskbar ကိုလည်း ယခင်တုန်းကအတိုင်း Drag & Drop ကို ပြန်လည် Support လုပ်နိုင်ပါတယ်။

အခု Windows 11 Update ဟာ Insider Version အသုံးပြုသူတွေအတွက်ပဲ အရင်ဆုံးရရှိဦးမှာဖြစ်ပြီး တကယ်လို့ ကိုယ်က Windows 11 Stable Version အသုံးပြုနေတယ်ဆိုရင်တော့ အနည်းငယ်စောင့်ကြည့်သင့်ပါသေးတယ်။

Ref – Engadget