ဆိုက်ဘာ လုံခြုံရေး ဆော့ဖ်ဝဲ ကုမ္ပဏီ CrowdStrike ရဲ့ Update ကြောင့် Microsoft Windows မှာ ပြဿနာ ဖြစ်နေပြီး တစ်ကမ္ဘာလုံးမှာ လေယာဉ်ခရီးစဉ်၊ ဘဏ်လုပ်ငန်း၊ သတင်းဌာန၊ စူပါမားကတ်နဲ့ လုပ်ငန်းများစွာ ရပ်နားသွားရပါတယ်။

Massive global IT outage hits banks, airports, supermarkets – and a single  software update is likely to blame

စင်ကာပူ၊ အမေရိကန်၊ ဗြိတိန် ၊ အိန္ဒိယနဲ့ ဩစတြေးလျ အပါအဝင် နိုင်ငံများစွာမှာ လေယာဉ် ခရီးစဉ်တွေ ရပ်နားသွားရပြီး လေဆိပ်တွေမှာ ခရီးသည်တွေ တန်းစီစောင့်ဆိုင်းနေရပါတယ်။ အာရှမှာ စင်ကာပူ၊ ဘန်ကောက်၊ ဟောင်ကောင်နဲ့ အိန္ဒိယမှ လေဆိပ်တွေမှာလည်း Check –in ကောင်တာမှာ လူတွေ တန်းစီနေကြပါတယ်။

Microsoft IT outage live: Only contact your GP if it's urgent, patients  told as internet fails worldwide - latest updates

မလေးရှားရဲ့ ရထား ကုမ္ပဏီ KTMB က လက်မှတ်ရောင်းတဲ့ စနစ်နဲ့ Customer Service Channels တွေ ရပ်နားသွားတယ်လို့ အတည်ပြုထားပါတယ်။

စင်ကာပူ သတင်းဌာန The Straits Times ကလည်း သတင်း ထုတ်လွှင့်မှု ရပ်နားထားရတယ်လို့ ပြောပါတယ်။ လန်ဒန်စတော့အိတ်ချိန်းမှာ အရောင်းအဝယ်နှောင့်နှေးခဲ့ရပါတယ်။ ယူကေနိုင်ငံက Sky News, ဩစတေးလျက ABC သတင်းဌာနတွေဟာ IT အခက်အခဲကြောင့် Live သတင်းတင်ဆက်လို့မရဖြစ်နေပါတယ်။

Ref : telegraph