Cloud အခြေပြု ဂိမ်း ပလက်ဖောင်းတွေမှာ Microsoft လို ကုမ္ပဏီတွေဟာ အရင်က မဖြစ်နိုင်တဲ့နည်းလမ်းတွေကို ဖန်တီးလာကြပါတယ်။ ပြီးခဲ့တဲ့ ၁ နှစ်ခွဲအကြာက Microsoft ရဲ့ ဂိမ်းဌာနက စီအီးအို Phil Spencer က နောက် ၁၂ လအတွင်းမှာ Xbox ဂိမ်းတွေကို TV မှာ Streaming လုပ်လို့ရလာနိုင်တယ်လို့ ပြောခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် ဇွန်လမှာလည်း အလားတူ ပြောခဲ့ပြီး Microsoft ဟာ အဲဒီအချိန်လောက်မှာပဲ Smart TV App နဲ့ Xbox Streaming Stick ကို ရောင်းချမယ်လို့ အတည်ပြုခဲ့ပါတယ်။

Microsoft to launch new TV gaming device within 12 months - Aroged

အခုတော့ Venture Beat က Microsoft ဟာ နောက် ၁၂ လအတွင်း Xbox Cloud ဂိမ်း Streaming Device ကို ရောင်းချဖို့ စီစဉ်နေတယ်လို့ ပြောပါတယ်။ ရုရှားရဲ့ ယူကရိန်း အပေါ် ကျူးကျော်စစ်နဲ့ တရုတ်မှာ Lockdown တွေပြုလုပ်နေတာကြောင့် နှောင့်နှေးသွားတာ ဖြစ်နိုင်ပါတယ်။

Microsoft May Launch Xbox TV Streaming Device in Next 12 Months - Blog To Me

အဲဒီ Device ရဲ့ ပုံသဏ္ဌာန်ဟာ Amazon Fire TV Stick , Roku တို့နဲ့ ဆင်တူမယ်လို့ ထင်ရပါတယ်။ အဲဒီ Device ဟာ ရုပ်ရှင်နဲ့ TV App တွေကနေ Stream လုပ်လို့ရစေမှာ ဖြစ်တဲ့အပြင် Xbox ဂိမ်း Pass Ultimate ကိုလည်း အသုံးပြုလို့ရစေမှာပါ။

Microsoft ဟာ အဲဒီ Streaming App ကို ဖန်တီးဖို့ Samsung နဲ့ နီးကပ်စွာ အလုပ်လုပ်နေပြီး Samsung Smart TV ပိုင်ရှင်တွေဟာ သီးခြား Device တွေ ဝယ်ယူစရာ မလိုတော့အောင် ဖြစ်ပါတယ်။ နောက် ၁၂ လအတွင်း အဲဒီ App ကို ဖြန့်ချိနိုင်ပါတယ်။

Ref : gsmarena