Microsoft က Windows 11 ကို PC တွေအတွက် ဒီ ၁ ပတ်ထဲမှာ တိုးချဲ့ဖြန့်ချိပေးလိုက်ပါတယ်။ ဒီလ အစောပိုင်းမှာ PC အသစ်အများစုအတွက် စတင် ဖြန့်ချိပေးလိုက်ပြီးနောက် Microsoft ဟာ Windows 11 Upgrade ကို Compatible Device တွေအတွက် အခမဲ့ တိုးချဲ့ဖြန့်ချိပေးလိုက်တာပါ။

Windows 11 launches with redesigned start menu - BBC News

Microsoft က “ Windows 11 ရရှိမှုကို တိုးမြှင့်ပေးလိုက်ပြီ ဖြစ်ပြီး ကျွန်တော်တို့ရဲ့ နောက်ဆုံး မျိုးဆက် Machine Learning Model ကို Compatible Device တွေအတွက် တိုးချဲ့ ဖြန့်ချိပေးလိုက်ပါတယ်။ အဆင်ပြေစွာ Upgrade ပြုလုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ Machine Learning Model ကို ဆက်လက် လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။ “ လို့ ပြောပါတယ်။

Windows 11 Upgrade ကို Windows Update မှာ ရရှိပြီဆိုရင် အပေါ်ကပုံမှာလို သတိပေးစာ ပေါ်လာမှာ ဖြစ်ပါတယ်။ ကုမ္ပဏီက Custom Gaming PC တွေ အပါအဝင် Device များစွာအတွက် ဖြန့်ချိပေးထားတယ်လို့ ပြောပါတယ်။

Microsoft က Windows 11 Upgrade ရတဲ့ Device စာရင်းကို မဖော်ပြသေးပေမယ့် သင့် PC ဟာ Minimum System Requirements နဲ့ ကိုက်ညီရင် Windows Update ကနေ ရယူနိုင်ပါတယ်။ Windows Update ကနေ ပေးတာကို မစောင့်ချင်ရင် Windows 11 ကို Install လုပ်နိုင်တဲ့ တခြားနည်းလမ်းတွေလည်း ရှိပါတယ်။

Unsupport CPU တွေမှာ Windows 11 ကို Install လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပေမယ့် Micrsoft က ဒီနည်းလမ်းတွေကို အားမပေးထားဘဲ အနာဂတ်မှာ Security Update တွေ မရနိုင်ဘူးလို့ ပြောပါတယ်။

Ref : theverge