Microsoft က စက်တင်ဘာလ ၂၂ ရက်နေ့မှာ ထုတ်ကုန် မိတ်ဆက်ပွဲ ၁ ခု ကျင်းပမှာ ဖြစ်ပြီး Microsoft Surface Go 3 နဲ့ Surface Pro 8 ကို ကြေညာနိုင်ပါတယ်။ မကြာခင်က ထိုင်း စတိုး ၁ ခုက Surface Go 3 ရဲ့ Hardware တွေကို ဖော်ပြလိုက်ပြီး ဒီဇိုင်းက လက်ရှိ ရောင်းထားတဲ့ မော်ဒယ်တွေနဲ့ တူညီပါတယ်။ ဒါပေမယ့် တိုးတက်ပြောင်းလဲသွားတာက ဘက်ထရီ သက်တမ်း ဖြစ်ပြီး ၁၀ နာရီကနေ ၁၃ နာရီ ဖြစ်သွားပါတယ်။

Microsoft Surface Go 3

Surface Go 3 မှာ Windows 11 Home Edition မောင်းနှင်ထားမှာ ဖြစ်ပြီး Microsoft 365 ကို ၁ လကြာ အခမဲ့ အသုံးပြုနိုင်မှာပါ။ မျက်နှာပြင် အကြောင်းပြောရရင် ၁၀.၅ လက်မ 1920x1280p ထည့်သွင်းထားမှာ ဖြစ်ပြီး ထိတွေ့မျက်နှာပြင် ဖြစ်ပါတယ်။ Intel Pentium Gold 6500Y or Core i3-10100Y Processor မောင်းနှင်ထားမှာ ဖြစ်ပြီး 4GB or 8GB RAM နဲ့ 64GB eMMC or 128GB SSD ပါလာမှာပါ။ အရှေ့ဘက်မှာ 5MP ကင်မရာနဲ့ အနောက်ဘက်မှာ 8MP ကင်မရာ တပ်ဆင်ထားမှာပါ။

Microsoft Surface Go 3 Release Date, Pricing and Spec Rumours

USB Type-C Port ၊ 3.5mm Headset နဲ့ microSD Card Slot ထည့်သွင်းထားမှာ ဖြစ်ပြီး အရွယ်အစား အပြည့်အစုံက 245 x 175 x 8.3mm ဖြစ်ကာ အလေးချိန်က ၆၄၀ ဂရမ် ဖြစ်ပါတယ်။ 4/64GB Version ကို ၂၈၈၀ ယွမ်နဲ့ 8/128GB Version ကို ၄၃၅၈ ယွမ် သတ်မှတ်ထားမှာ ဖြစ်ပြီး မြန်မာငွေ ၈ သိန်း ၁ သောင်းနဲ့ ၁၂ သိန်း ၃ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

Surface Go 3 ရဲ့ ဒီဇိုင်းဟာ အရင်မျိုးဆက်နဲ့ တူညီမှာ ဖြစ်ပြီး Magnesium Alloy ပါလာမှာ ဖြစ်ပါတယ်။ Stand နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး Fanless ဒီဇိုင်း ဖြစ်ပါတယ်။

Ref : gizchina