Microsoft က ပေါ့ပါး ပါးလွှာတဲ့ Surface Laptop 5 ကို ကြေညာလိုက်ပြီး အလေးချိန်က ၁.၂၉ ကီလိုဂရမ်နဲ့ အထူက ၁၄.၅ မီလီမီတာ ရှိပါတယ်။ 12th Gen Intel Processor မောင်းနှင်ထားပြီး မျက်နှာပြင် အရွယ်အစား ၂ မျိုး ထုတ်လုပ်ထားပါတယ်။

Microsoft Surface Laptop 5

Surface Laptop 5 မှာ ၁၃.၅ လက်မနဲ့ ၁၅ လက်မ မျက်နှာပြင် ၂ မျိုး ထုတ်လုပ်ထားပြီး PixelSense မျက်နှာပြင်ဟာ 2256x1504p Resolution , 3:2 Aspect Ratio , 1300:1 Contrast Ratio နဲ့ Dolby Vision IQ Support တွေ ထည့်သွင်းထားပါတယ်။ Windows 11 Home OS မောင်းနှင်ထားပါတယ်။

Microsoft Surface Laptop 5

၁၃.၅ လက်မ မော်ဒယ်မှာ Intel Core i5-1235U/ i7-1255U Processor နဲ့ ၁၅ လက်မ မော်ဒယ်မှာ Core i7-1255U Processor ထည့်သွင်းထားပါတယ်။ မော်ဒယ်အားလုံးမှာ 8GB / 16GB / 32GB LPDDR5x RAM နဲ့ 256GB/ 512GB / 1TB SSD Storage ပါပါတယ်။

၁၃.၅ လက်မ မော်ဒယ်ရဲ့ ဘက်ထရီ သက်တမ်းက ၁၈ နာရီနဲ့ ၁၅ လက်မ မော်ဒယ်က ၁၇ နာရီ ဖြစ်ပါတယ်။ ဆက်သွယ်မှု အပိုင်းမှာ USB-C Thunderbolt 4 ၁ ပေါက်၊ USB-A ၁ ပေါက်၊ Surface Connect Port ၁ ပေါက်၊ နားကြပ်ပေါက် ၁ ပေါက်၊ WiFi 802.11ax နဲ့ Bluetooth 5.0 ပါလာပါတယ်။ Windows Hello Face Sign In, Surface Pen Support , Dolby Atmos ပါတဲ့ Omnisonic စပီကာတွေနဲ့ Dual Far-Field မိုက်ကရိုဖုန်းတွေ ထည့်သွင်းထားပါတယ်။

Surface Laptop 5 အတွက် Platinum, Sage , Black နဲ့ Sandstone အရောင်တွေ ထုတ်လုပ်ထားပြီး ဒီလ ၂၅ ရက်နေ့ ရောင်းမှာပါ။ ၁၃.၅ လက်မ မော်ဒယ်ဟာ ၉၉၉ ဒေါ်လာက စပြီး ၁၅ လက်မ မော်ဒယ်ဟာ ၁,၂၉၉ ဒေါ်လာက စပါတယ်။

Ref : gizmochina